သတင်းတို

ကျောက်ဆည်တွင် ရွှေအတုပေါင်သူ ၂ ဦးကို ဖမ်းဆီး

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းက ရွှေဆိုင်တခု၌ ရွှေအတုများအား လိမ်လည်ပြီး လာရောက်ပေါင်နှံရောင်းချမှုဖြစ်ပွားခဲ့ရာ အဆိုပါ လာရောက်ပေါင်းနှံရောင်းချသူ ၂ ဦးအား ဖမ်းဆီးအရေးယူထားကြောင်း ကျောက်ဆည်မြို့မရဲစခန်းမှ သိရသည်။

“လာပေါင်တဲ့သူတွေက ရန်ကုန်နဲ့ ဧရာဝတီတိုင်းဘက်ကလို့တော့ သိရတယ်၊ ရွှေအတုတွေ လာပေါင်နေတယ်ဆိုပြီး သတင်းပေးလို့ သွားရောက်စစ်ဆေးပြီး သက်သေတွေရှေ့မှာ အဲဒီရွှေအတုတွေကို ရှာဖွေပုံစံနဲ့ သိမ်းဆည်းပြီး တရားခံတွေ ကိုလည်း ဖမ်းဆီးထားပြီးဖြစ်ပါတယ်”ဟု ကျောက်ဆည်မြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ကံဦးရပ်ကွက်၊ မြို့မဈေးကြီးအနီး၊ အောင်စည်မိုး ရွှေဆိုင်အမှတ် ၄ တွင် အမျိုးသမီး ၂ ဦးက ရွှေအတုများအား လိမ်လည်လာရောက်ပေါင်နှံရောင်းချခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ၂ ဦးမှာ မစန်းစန်းဝင်းနှင့်မသူဇာဝင်းဆိုသူများဖြစ်ပြီး မစန်းစန်းဝင်းက အလေးချိန် ၁ ကျပ် ၂ ပဲ ၃ ရွေးခွဲရှိ စိုင်းစိုင်း ဆွဲကြိုး ၁ ကုံးနှင့် မသူဇာဝင်းက အလေးချိန် အလေးချိန် ၁ ကျပ် ၄ ရွေးခွဲရှိ ဆွဲကြိုး ၁ ကုံးကို အောင်စည်မိုး ရွှေဆိုင်နှင့်ရွှေပန်းတိမ် ဆိုင်အမှတ် ၄မှ ကိုထွေး(ခ) ကိုခင်မောင်ထွေးထံသို့ လာရောက်ပေါင်နှံခြင်းဖြစ်သည်။

ထိုရွှေများအား ရွှေဆိုင်ပိုင်ရှင် ပန်းတိမ်ဆရာ ကိုထွေး (ခ) ကိုခင်မောင်ထွေးက မှတ်ကျောက် တင်စစ်ဆေးခဲ့ရာ ရွှေအတုများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့မှုကြောင့် ကျောက်ဆည်မြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်း ဟုသိရသည်။

ရွှေအတုများ လာရောက်ပေါင်နှံသူ ၂ ဦးကို ကျောက်ဆည်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီး မသူဇာဝင်းနှင့် မစန်းစန်းဝင်းအား (ပ)၅၇၉/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ထားကာ ဖမ်းဆီးထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading