ထိုင်းနိုင်ငံ တောင်ပိုင်း အပန်းဖြေရာ ဖူးခက်ကျွန်းအနီး ပင်လယ်ပြင်တွင် ကမ္ဘာလှည့်ခရီးသည်များ အပါအဝင် ၁၀၅ ဦးတင် ဆောင်လာသည့် သင်္ဘောတစီး မနေ့ညနေက တိမ်းမှောက်ရာ လူပေါင်း ၅၆ ဦး ပျောက်ဆုံးနေကြောင်း Khaosad သတင်းက ဆိုသည်။
ဖူးခက်ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲ တီးရပိုလ် တစ်ချာရွန်းက ပျောက်ဆုံးနေသူမျာကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပြီး၊ သင်္ဘောပေါ်တွင် ကမ္ဘာလှည့်ခရီးသည် ၉၃ဦး၊ သင်္ဘောသား ၁၁ဦး၊ လမ်းညွှန် ၁ဦး တို့ပါဝင်ပြီး၊ တရုတ်အမျိုးသား ခရီးသွားတဦးကတော့ သေဆုံးကြောင်း၊ အနည်းဆုံး ၁၂ဦးကို ဆေးရုံသို့ ပို့ဆောင်ကာ ကုသနေရကြောင်း ဆိုသည်။
အလားတူ တနေ့တည်းမှာပင် တခြားသော သင်္ဘောတစင်းလည်း တိမ်းမှောက်သော်လည်း သင်္ဘော ပေါ်ပါ ၄၂ဦးကို ကယ်ဆယ်လိုက်နိုင်ကြောင်း သိရသည်။