ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခက်ကျွန်း ပင်လယ်ပြင်တွင် မနေ့က ဖြစ်ပွားသည့် ကမ္ဘာလှည့်ခရီးသွားများ တင်ဆောင်ထားသည့် ရေယာဉ်တိမ်းမှောက်မှု မတော်တဆ ဖြစ်စဉ်၌ သေဆုံးသူ ၄၀ဦး ရှိပြီဖြစ် ကြောင်း တာဝန်ရှိသူများက သတင်းထောက်များ ကိုပြောကြောင်း Khaosad သတင်းကဆိုသည်။
ယမန်နေ့ညနေက တရုတ်ခရီးသွားများကို တင်ဆောင်လာသည့် သင်္ဘောတစီးသည် လှိုင်းထန်ကာ တိမ်းမှောက်ခြင်း ဖြစ်ပြီး၊ သင်္ဘောပေါ်တွင် ခရီးသည် ၉၃ဦး၊ သင်္ဘောသား ၁၁ဦးနှင့် ဧည့်လမ်းညွှန် တဦး ပါဝင်ကြောင်း၊ ပထမဆုံး အလောင်းကို ယနေ့နံနက်ပိုင်းက ဆယ်ယူရရှိခဲ့ခြင်းဖြစ်ပြီး ရေယာဉ် အတွင်း ပိတ်မိနေသည့် ၂၆လောင်းအပါအဝင် ၃၉လောင်းကို ယနေ့ မွန်းလွဲပိုင်းက ထပ်မံ ရှာဖွေတွေ့ ရှိခြင်းဖြစ်သည်။
လက်ရှိတွင် ၁၆ဦး ပျောက်ဆုံးနေဆဲဖြစ်၍ ကြိုးစားရှာဖွေနေပြီး၊ ရေယာဉ်မှူးကို ရာသီဥတု အခြေ အနေကို ပေါ့ဆ၍ ဂရုမပြု သည့်အတွက် ပြစ်တင်စွဲချက်တင်မည်ဖြစ်ကြောင်း ရဲကပြောသည်။
ယမန်နေ့က ထိုင်းတောင်ပိုင်းတွင် ရာသီဥတုဆိုးဝါးနေ၍ အခြားရေကြောင်းအော်ပရေတာများက ကမ်းခြေ၌သာ နေကြရန် တိုက်တွန်းနှိုးဆော်မှုများ ရှိခဲ့သည်။
ဆက်စပ်သတင်း – ဖူးခက်ကျွန်းအနီး သင်္ဘောမှောက်၊ ၅၆ဦး ပျောက်ဆုံးနေ