သတင်းတို

ဂျပန်၌ မိုးကြီး၍ ရေကြီးမြေပြိုမှုကြောင့်၆၀ဦးခန့်သေဆုံး

Want create site? Find Free WordPress Themes and plugins.

ဂျပန်နိုင်ငံ အနောက်ပိုင်းမှာ မိုးသည်းထန်စွာ ဒလဟော ရွာသွန်းတဲ့အတွက် ရေကြီးမြေပြိုမှုများ ကြောင့် လူပေါင်း ၆၀ခန့် သေဆုံးခဲ့ရာ၊ အာဏာပိုင်တွေက အစုလိုက်အပြုံလိုက်ပြောင်းရွှေ့မှုတွေ ပြုလုပ်ပေးနေပါတယ်။

ကြာသာပတေးနေ့ကတည်း သဲကြီးမဲကြီး ရွာသည့်မိုးကြောင့် လမ်းများ၊ အိမ်နှင့် အဆောက်အဦးကို ဖျက်ဆီးလိုက်သကဲ့သို့ ရှိနေပြီး၊ ဒေသတွင်း မီဒီယာများ ၏ ဖော်ပြချက်အရ ဒဏ်ရာရသူအရေအတွက် များလည်း များပြားနေတယ်လို့ သိရပါတယ်။

ဟီရိုရှီးမား စီရင်စုမှာ လူ ၁၀ဦးခန့်ဟာ မြေပြိုမှုကြောင့် နစ်မြုပ်သေဆုံးခဲ့ရကြောင်း ကျိုဒိုသတင်းက ဆိုသလို၊ NHKရဲ့ ဖော်ပြချက်မှာလည်း လူ ၅၀ခန့် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

Karastu ဒေသတွင် မိုးကြီး၍ မြေပြိုမှုကြောင့် ရထားလမ်းများ ပျက်စီးသွားပုံ (Reuters)

အစိုးရက လူပေါင်း ၁.၅သန်းကို သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာဖို့ အမိန့်ထုတ်ထားပြီး၊ ကန်ဆိုင်းဒေသ မှာ ရှိတဲ့ လူပေါင်း ၁သိန်း၆သောင်း ၄၀၀ကို ပြောင်းရွှေ့ဖို့ သောကြာနေ့က အမိန့်ထုတ်ပြန်ထားပြီး၊ လူပေါင်း ၈သိန်း၆သောင်းကျော်ဟာ ခိုလှုံရေးစခန်းတွေမှာ ရောက်ရှိနေပြီလို့ သိရပါတယ်။

မနေ့က ဂျပန်နိုင်ငံ မိုးလေဝသဌာနမှ ဟီရိုရှီးမားဒေသမှာ အရေးပေါ် သတိပေးချက်များကို ထုတ်ပြန်လိုက်ပြီး၊ အလားတူ အိုကာယာမာ၊ တော့တိုရီ၊ ဟီရိုဂိုနဲ့ ကျိုတို စီရင်စုတွေလည်း အရေးပေါ်ထုတ်ပြန်ချက်နဲ့ အကျုံးဝင်နေဆဲဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading