မွန်ပြည်နယ် သထုံမြို့နယ် နန်းခဲရပ် ကွက်သစ် (၁) လမ်းတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် သူငယ်ချင်းများနှင့် အတူ စာကျက်ဝိုင်းမှပြန်လာသော အထက (၃) မှ သတ္တမတန်းကျောင်းသူ အသက် ၁၃ နှစ် အရွယ် မဇွန်ဖူးဝေ၏ ကိုယ် ပေါ်သို့ ဓာတ်ကြိုး ပြတ်ကျသဖြင့် ဓာတ်လိုက်သေဆုံး ခဲ့သည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၀ ရက် ည ၈ နာရီဝန်းကျင်က နန်းခဲ၊ လိပ်အင်း၊ မြေနီကုန်းနှင့် နောင်ကုလား စသည့်ရပ်ကွက်များတွင် လေဆင်နှာမောင်းတိုက်ခတ်ခြင်းကြောင့် လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျခြင်း အပြင် သစ်ပင်၊ သစ်ကိုင်းများပြိုလဲခြင်း၊ နေအိမ်များနှင့် စာသင်ကျောင်းအမိုးများ လေနှင့်အတူ လွင့်ပါ ပျက်စီးမှုများလည်းရှိခဲ့သည်။
သထုံမဲဆန္ဒနယ်အမှတ် (၁) မှ ဒေါ်ခိုင်ခိုင်လဲ့က “လေဆင်နှာမောင်းတိုက်တဲ့အချိန်မှာ ကလေးက လန့်ပြီးတော့အပြေး ဓာတ်ကြိုးပျက်ကျတဲ့အချိန်မှာ သူကိုယ်တည့်တည့်ကို ပတ်မိသွားတယ်၊ ကလေးက ဆေးရုံမှာ ဆုံးသွားတာ”ဟု ၎င်းက ဆိုသည်။
လျှပ်စစ်ဓာတ်ကြိုးပြတ်ကျ၍ သေဆုံးခဲ့သည့် ကျောင်းသူလေးအား ယနေ့ မွန်းလွဲ ၃ နာရီတွင် ကျောက်တန်း သုသာန်သို့ ပို့ဆောင်မီးဂြုႋဟ်သွားမည်ဖြစ်သည်။
လိပ်အင်းရပ်ကွက်ရှိ အမက (စိန်ကုန်း) ကျောင်းလည်း ပျက်စီးသွား၍ ကျောင်းသုံး ပရိဘောဂနှင့် စာသင်ခုံများကို လိပ်အင်းရပ်ကွက်ရှိ အဘယသုခဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့နေရာချထားပေး ကြောင်း သိရသည်။