ရန်ကုန်တိုင်းအတွင်းရှိ လမ်းများအဆင့်မြှင့်တင်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်ပြီး အစည်းအဝေး ပြုလုပ်ကြောင်း တိုင်းအစိုးရက ထုတ်ပြန်သည်။
သို့သော် မည်သည်လမ်းများကို ပြင်ဆင်မည်၊ မည်သို့ မည်ပုံ လုပ်ဆောင် မည်ကိုမူ အသေးစိတ်ထုတ်ပြခြင်းမရှိပေ။
အဆိုပါ လမ်းများ ပြုပြင်ရခြင်းမှာ ဇူလိုင်လ ၂၀ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကော့မှူး မြို့နယ်သို့ သွားရောက်ခဲ့မှု အပြီး ရန်ကုန်မြို့ရှိ လမ်းများမကောင်းကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား ပြောကြား ခဲ့ပြီးနောက် ထိုသု့ိလမ်းပိုင်းဆိုင်ရာ ပြုပြင်ရန် အစည်းအဝေး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယင်းအစည်းအဝေးတွင် ရန်ကုန်တိုင်း ဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် ၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။