သတင်းတို

တရုတ် ငါးဖမ်းသင်္ဘော ပီနန်ပင်လယ်ပြင်တွင် တိမ်းမှောက်

မလေးရှားနိုင်ငံ ပီနန်ကျွန်း၏တောင်ဘက် ပါမတန် ဒါမာလက် ပင်လယ်ပြင်တွင် လာအို ငါးဖမ်း သင်္ဘောတစင်း ယနေ့နံနက် ၁၀နာရီခန့်က နစ်မြှုပ်သွားကြောင်း The Star သတင်းက ဆိုသည်။

နစ်မြုပ်သည့် နေရာသည် ပီနန်လေဆိပ် လေယာဉ်ပြေးလမ်းအဆုံးသတ်ရှိ ကမ်းရိုးတန်းနှင့် သိပ်မဝေး ကြောင်း၊ အစိုးရ ရေ ကြောင်း ဌာန အရာရှိများက ယင်းနေရာကို အရေးပေါ်သွားရောက် စစ်ဆေးနေ ပြီး မကြာမီတွင် ကြေညာချက် ထွက်ပေါ် လာမည်ဟု မျှော်လင့်ရသည်။

သင်္ဘောနစ်မြုပ်သည့် နေရာသည် ယခင်ကလည်း Kapal Simen ဟု နာမည်ပြောင်ပေးထားသော ဘိလပ်မြေသင်္ဘော နစ်မြုပ်သည့် နေရာနှင့် နီးသကဲ့သို့ ဒီရေကျချိန်တွင် ယင်းသင်္ဘောပျက်၏ နစ်မြုပ်နေသော တစိတ်တပိုင်းကို မြင်ရလေ့ရှိသည်။

တရုတ်သင်္ဘော နစ်မြုပ် သင်္ဘောမှ ဆီယိုစိမ့်မှုများကြောင့် ပီနန်ရေပြင်တွင် ညစ်ညမ်းမှုများ ရှိနေသည်။

Loading