သတင်းတို

မော်လမြိုင်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ကိစ္စ ဒေသခံအချို့ ဆန္ဒပြ

Want create site? Find Free WordPress Themes and plugins.

အသစ်ပြန်လည်ရွေးကောက်မည့် မော်လမြိုင်မြို့ရှိ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲအတွက် ဆယ်အိမ်စုမှူးများ ရွေးချယ်ရာတွင် မှတ်ပုံတင် ၂ ခု ကိုင်ဆောင်မှုဖြင့် တရားရင်ဆိုင်နေရသည့် လက်ရှိ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦးဘက်မှ ဝင်ရောက်ယှဉ်ပြိုင်ခြင်းကို ကြီးကြပ်ရေးအဖွဲ့ဝင် ၃ ဦးက ကန့်ကွက်သည့်အတွက် ဦးဝင်းလွင်ဦးအား ထောက်ခံသည့် ဒေသခံအချို့က သြဂုတ် ၅ ရက်နေ့ နံနက် ၁၀ နာရီက ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။

“ ဒီ ခန့်ထားတဲ့ စာရွက်အတိုင်း ပုဒ်မ ၅ နဲ့ မညှိစွန်းတဲ့အတွက် သူကို ရွေးချယ်ခွင့်ပေးရမယ်၊ သူမှာ ရွေးချယ်ပိုင်ခွင့်ရှိတယ်လေ၊ အဲဒါ ကျနော်တို့က ပြောတယ်၊ သူတို့က မပေးဘူး၊ ဖယ်တယ်၊ အဲဒီကနေ စဖြစ်တာပေါ့၊ အနှစ်ချုပ်ကတော့ တရားမျှတမှု မရှိဘူးပေါ့”ဟု ဦးဝင်းလွင်ဦးအား ထောက်ခံဆန္ဒပြခဲ့သည့် လှိုင်ရပ်ကွက်မှ ကြီးကြပ်ရေးမှူးအဖွဲ့ဝင် ကိုနေလင်းအောင်က ပြောသည်။

လက်ရှိအုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦးမှ ဆယ်အိမ်စုမှူးအဖြစ် ယှဉ်ပြိုင်ခြင်းကို လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့ဝင် ၃ ဦးက ကန့်ကွက်လိုက်သဖြင့် ကျန်ရှိသည့် ကြီးကြပ်ရေးအဖွဲ့ဝင် ၂ ဦးအပါအဝင် ဦးဝင်းလွင်ဦးအား ထောက်ခံသူအချို့က မော်လမြိုင်မြို့ ပြည်နယ်ခန်းမအရှေ့မှ လှိုင်ရပ်ကွက် အထက ၂ ကျောင်းအရှေ့ထိ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

“ဦးသိန်းဇော်တို့ ၃ ယောက်ရဲ့ အဓိက ပွိုင့်ကတော့ အကျင့်စာရိတ္တ ညံ့ဖျင်းစွာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး အရွေးချယ်ခံတာကို နိုင်ငံသားကဒ်အတု ကိုင်တောင်ပြီးတော့ နိုင်ငံတော်ကိုလည်း လိမ်လည်ခဲ့တယ်၊ ရပ်ကွက်နေ ပြည်သူကိုလည်း လိမ်လည်ခဲ့တယ်၊ နိုင်ငံတော်က ကိုယ်စားပြုပြီးတော့ သူကို တရားရုံးမှာလည်း တရားစွဲခံအဖြစ်နဲ့ တရားစွဲဆိုခြင်း ခံနေရသူဖြစ်တဲ့အတွက်ကြောင့် အုပ်ချုပ်ရေးမှူး အရည်အချင်းနဲ့ မကိုင်ညီဘူးဆိုတာ ထင်ရှားနေတယ်ပေါ့ အဲ့ဒီအချက်တွေကြောင့် ဆယ်အိမ်စုမှူးစာရင်းကနေ ပယ်ချလိုက်တယ်”ဟု လှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့ဝင် ဦးသိန်းဇော်က ဆိုသည်။

ဦးဝင်းလွင်ဦးမှာ ၁၉၉၈ ခုနှစ်က ၁၀/မလမ (နိုင်) ၁၉၄၄၉၅ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင်လည်း ၁၀/သထန (နိုင်) ၀၉၉၈၇၁ ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ခဲ့သည်ဟု မော်လမြိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေး (လဝက) ဦးစီးမှူး ဦးအေးမင်းက ဖေဖော်ဝါရီ ၁ ရက်က ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၄၆၈/၄၂၀ တို့ဖြင့် အမှုဖွင့် တိုင်ကြားခံရပြီးနောက် မော်လမြိုင်မြို့နယ်တရားရုံး၌ ပုဒ်မ ၄၂၀ ဖြင့် လက်ရှိတွင် အမှုရင်ဆိုင်နေရခြင်းလည်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading