အဘူကလမ် ဂျမာလက်ဒင်းဆိုသည့် မြန်မာနိုင်ငံသားဟု ဖော်ပြခံရသူအား အမျိုးသမီးတဦးအပေါ် သတ်ဖြတ်မှု အပါအဝင် အခြားသော ရာဇဝတ်မှုများဖြင့် ဆော်ဒီအာရေဗီယား အစိုးရက သေဒဏ်ချမှတ်လိုက်ကြောင်း Saudi Press Agency (SPA) သတင်းထုတ်ပြန်သည်။
၎င်းသည် မြန်မာအမျိုးသမီးတဦး၏ နေအိမ်အတွင်း ဝင်ရောက်ကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး လူသတ် မှု ကျူး လွန်ခဲ့ကြောင်း ထို့အပြင်နေအိမ်အတွင်းသို့ ဝင်ရောက်ဓားပြတိုက်မှု၊ အဓမ္မကျူးလွန်ရန် ကြိုးစားမှုနှင့် ခဲယမ်းမီးကျောက်၊ သေနတ်ခိုးယူမှု တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ခဲ့ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
တရားရုံးများက ချမှတ်ခဲ့သည့် ကွပ်မျက်ခြင်းအား ဆော်ဒီဘုရင် Salman bin Abdulaziz Al Saud က ထောက်ခံအတည်ပြုခဲ့သည်။
ဆော်ဒီအာရေဗီးယားနိုင်ငံသည် သေဒဏ်စီရင်ခံသူအချို့ကို အာဏာပါးကွက်သားများဖြင့် ရက်ရက် စက်စက်ကွပ်မျက်၍ သေဒဏ်ပေးရာတွင် ကမ္ဘာပေါ်တွင် နာမည်ဆိုးဖြင့်ကျော်ကြားပြီး လူမြင်ကွင်း တွင် ခေါင်းဖြတ်၍ ကျန်ရှိသည့်ကိုယ်ပိုင်းကို ပြသလေ့ရှိသော်လည်း ယင်းသို့ကွပ်မျက်ခြင်းမျိုးမှာ ကြုံတောင့်ကြုံခဲဖြစ်သည်။
ဆော်ဒီအာရေဗျနိုင်ငံတွင် ၂၀၁၈ ခုနှစ်ပထမသုံးလပတ်အတွင်း ခေါင်းဖြတ်ကွပ်မျက်ခြင်းပေါင်း များစွာရှိခဲ့ပြီး ယမန်နှစ် ပထမသုံးလပတ်နှင့် နှိုင်းယှဉ်လျှင် ၇၀ ရာခိုင်နှုန်းရှိကြောင်း ပြီးခဲ့သည့် ဧပြီလတွင် ဥရောပ-ဆော်ဒီလူ့အခွင့်အရေးအဖွဲ့ တဖွဲ့က ပြောသည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI)က သေဒဏ်ချမှတ်ခံရသူ ပေါင်းများစွာကို ဆော်ဒီအာရေဗီးယားနိုင်ငံ၌ စစ်ဆေးစီရင်တွင် ပြင်းထန်ရက်စက်လွန်းပြီး နိုင်ငံတကာတရားစီရင်မှု စံချိန်စံညွှန်းများဖြင့် အလှမ်းကွာဝေးလှကြောင်းဆိုသည်။