သတင်းတို

နိုင်ငံမဲ့ဖြစ်နေသူ ၃၀၄ ဦးကို ထိုင်းနိုင်ငံသားအဖြစ် လက်ခံ

ထိုင်းနိုင်ငံ အနောက်ဘက် နယ်စပ် သွန်ဖဖွန်ခရိုင်တွင် နိုင်ငံမဲ့ဖြစ်နေသည့် လူ ၃၀၄ ဦးကို မနေ့က နိုင်ငံသား စိစစ်ရေး ကတ်ပြားများထုတ်ပေးခဲ့ကြောင်း Bangkok Post သတင်းကဆိုသည်။

အများစုမှာ သွန်ဖဖွန်ခရိုင်တွင် အတည်တကျနေထိုင်လျက် ပညာရေးဆိုင်ရာသိပ္ပံကျောင်းမျိုးစုံတွင် သင်ကြားနေသော ကျောင်းသားများဖြစ်ကြသည်။

အခမ်းအနားတွင် ထိုင်းနိုင်ငံသားဖြစ်ခွင့်ရကြသည့် ကျမ်းသစ္စာကျိန်ဆိုသည့်အုပ်စုကို နိုင်ငံမဲ့သူ များကိုယ်စား အသက် ၂၃ နှစ်အရွယ်ရှိ တက်စာနိုင်းစီသီနန်ကောက ဆောင်ရွက်သည်။

မိမိနှင့်မိသားစုမှာ အနှစ်နှစ်အလလက မျှော်လင့်ချက်များ ယနေ့ပြည့်စုံခဲ့ရပြီဖြစ်သဖြင့် အလွန်ဝမ်း မြောက်မိပါကြောင်း ထိုင်းနိုင်ငံသားအဖြစ် အကြိမ်ကြိမ်လျှောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်က နိုင်ငံသားဖြစ်ခွင့် ရရန် အထူးကြိုးပမ်းခဲ့ကြောင်း ဆက်ပြောသည်။ သူသည် ယခုအခါ သွန်ဖဖွန်ခရိုင်ရှိ ဝမ်တကီယန်း ကျောင်းတွင် အငှားဆရာတဦးအဖြစ် အမှုထမ်းနေသည်။

ယခု သူသည် ထိုင်းနိုင်ငံသားဖြစ်ပြီဖြစ်သဖြင့် အစိုးရဝန်ထမ်းအဖြစ် ကျောင်းဆရာ ရာထူးလျှောက် ထားရန် စာမေးပွဲဝင်ဖြေနိုင်မည်ဟု သူက ပြောသည်။

ယခုနှစ်အတွက် သွန်ဖဖွန်ခရိုင်တွင် ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားသူပေါင်း ၁၄၇၈ ဦးရှိခဲ့ ကြောင်း သြဂုတ်လ ၁၀ ရက်က စာရင်းဇယားများအရ သိရသည်။ ယင်းလျှောက်ထားသူများထဲတွင် ၁၂၆၂ ဦးမှာ နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်ကို ဖြတ်သန်းနေဆဲဖြစ်သည်။

ထိုင်းနိုင်ငံတွင် မကြာသေးမီကလည်း မယ်ဆိုင်မြို့နယ်မှ တောဝက်အသင်းသား ၄ဦးကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုခဲ့သည်။

Loading