ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဦးဆောင်သူ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်(၈၀နှစ်)သည် ယနေ့ ဆွစ်ဇာလန်နိုင်ငံမှာ ကွယ်လွန်သွားကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြသည်။
သူ့ရဲ့ မိသားစု ထုတ်ပြန်ချက်အရ ကိုဖီအာနန်ဟာ ဖျားနာ၍ ကွယ်လွန်ခြင်းဖြစ်ကြောင်း ဆိုသည်။
ဂါနာနိုင်ငံသား ကိုဖီအာနန် သည် ၁၉၉၇ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့ပြီး၊ လူမဲအမျိုးသားများထဲမှ ပထမဆုံး ရွေးချယ်ခံရသူဖြစ်သည်။
သူသည် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၅ရက်နေ့တွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တွင် တာဝန်ယူခဲ့ပြီး နောက် ၂၀၁၇ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် အကြံပြုချက် ၈၈ ချက်ပါ အစီရင်ခံစာ ထွက်ပေါ်လာပြီး နောက်တနေ့တွင် ARSA အကြမ်းဖက် အဖွဲ့က ရခိုင်ပြည်နယ် နယ်စပ်ရှိ အစိုးရရဲကင်းများကို တိုက်ခိုက်ခဲ့သည့်အတွက် တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်ခဲ့ရာ ဘင်္ဂါလီ ၇သိန်း တဖက်ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သည်။