သတင်းတို

ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ မှတ်ပုံတင်ခွင့်ရပြီ

Want create site? Find Free WordPress Themes and plugins.

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ (The People’s Party) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း သြဂုတ်လ ၂၃ ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က ထုတ်ပြန် ကြေညာလိုက်သည်။

“ကျနော်တို့ဆီကို Hard copy တော့ လက်ထဲ မရောက်လာသေးဘူး။ ဒါပေမယ့် မနေ့က ညနေမှာ အီးမေးလ်ကနေ လှမ်း ပြီးတော့ အကြောင်းကြားပါတယ်” ဟု ပါတီဖြစ်မြောက်ရေး ကော်မတီ ဗဟိုစည်းရုံးရေးတာဝန်ခံ ကိုမာကီက ဧရာဝတီကို ပြောသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှ စတင်ကာ ပါတီထူထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ရရှိရေး ကြိုးပမ်းခဲ့ရာ ယခု ၈ လကျော် အ ကြာတွင် ပြည်သူ့ပါတီအမည်ဖြင့် မှတ်ပုံတင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ကိုမာကီက “နှောင့်နှေးကြန့်ကြာမှုတွေ အများကြီး ကြုံခဲ့ရတယ်။ ၈ လကျော် အချိန်ကြာမြင့်တယ်။ တခြားပါတီတွေ မှတ်ပုံ တင်ရာမှာ အဲဒီလောက် ကြာမြင့်ခဲ့တာ တခါမှ မကြားဖူး မကြုံဖူးဘူး။ ဒါပေမယ့် အခုတော့ စိစစ်မှုတွေအားလုံးပြီးသွားပြီ တ ရားဝင်လည်း ချပေးလိုက်ပြီဆိုတော့ အလံ၊ အမှတ်တံဆိပ်၊ အမည်တွေကို တရားဝင်သုံးလို့ရပြီပေါ့” ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက ပါတီမှတ်ပုံတင်ခွင့်ရရှိပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အင်အား ၁၀၀၀ ကို ကော်မရှင်သို့ တင်ပြရ မည်ဖြစ်၍ ပါတီဝင်ခွင့် ဖောင်များကို သက်ဆိုင်ရာမြို့နယ်အလိုက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ပါတီဝင်အင်အား ၁၀၀၀ နှင့်အတူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အနည်းဆုံး ၁၅ ဦးကို ပါတင်ပြရမည်ဖြစ်၍ မကြာခင် အစည်းအဝေးပြုလုပ်ကာ ရွေး ချယ်သွားမည်ဖြစ်ကြောင်း ရှင်းပြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုလိုက်သည့် ပြည်သူ့ပါတီကို မူလက ရှစ်လေးလုံးပြည်သူ့ပါတီ (The Four Eights People’s Party) ဟု အမည်သတ်မှတ်ခဲ့သော်လည်း ကန့်ကွက်မှုများကြောင့် ယခုကဲ့သို့ ပြောင်းလဲခဲ့ ခြင်း ဖြစ်သည်။

ပြည်သူ့ပါတီသည် ၂၀၁၈ နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် အချိန်မမီ တော့သော်လည်း လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီးတွင် လက်ရှိအာဏာရပါတီ NLD အတွက် ယှဉ်ပြိုင်မှုပြင်း ထန်နိုင်သည့် ပါတီတခုဖြစ်လာမည်ဟု သုံးသပ်သူများလည်း ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading