သတင်းတို

မန္တလေး လေဆိပ်တွင် ဆက်သွယ်ရေး ကွန်ရက် အဆင့်မြှင့်မည်

Want create site? Find Free WordPress Themes and plugins.

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆက်သွယ်ရေး ကွန်ရက်များ အဆင့်မြှင့်တင်ပေးရန် အတွက် လိုအပ်သည့် နည်းပညာကို edotco Myanmar (edotco MM) လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

edotco Myanmar မှ Country Managing ဒါရိုက်တာ ဗီဂျန်ဒရန် ဝပ်ဆင် “မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို နှစ်စဉ် ခရီးသွား ဧည့်သည်ပေါင်း ၃ သန်းခန့် ဖြတ်သန်း သွားလာနေကြပါတယ်။ ဒါကြောင့် ဆက်သွယ်ရေး ကွန်ရက်က ခရီးသွားတွေ အတွက် မရှိမဖြစ် အရေးပါတာနဲ့ အမျှ ကျနော်တို့ ပူးပေါင်းပြီး မြန်ဆန်တဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှု ပေး မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယင်းသို့ ဝန်ဆောင်မှု ပေးရန်အတွက် ဆက်သွယ်ရေးလိုင်းတွင် လိုအပ်သည့် နည်းပညာ မြှင့်တင်ပေးသည့် In-Building Solutions (IBS) များကို အသုံးပြုသွားမည်သည်ဟု ၎င်းက ဆိုသည်။

ယင်းပြင် ပုံမှန် ဆက်သွယ်ရေး ဝန်ဆောင်မှုများသာမက တီထွင် ဆန်းသစ်ထားသည့် Solution များနှင့် အထူး ဒီဇိုင်းများ ပြင်ဆင်ထားသည့် တာဝါတိုင်များ၊ တာဝါတိုင်များ အတွက် စွမ်းအင်ပေးခြင်းများ၊ စီမံခန့်ခွဲမှုများအတွက် ဝန်ဆောင်မှု ပေး နေခြင်းများ ဆောင်ရွက်နေသည့် အပြင် ဝန်ဆောင်မှု အားလုံးသည် မိုဘိုင်းဖုန်း အသုံးပြုသူများ အတွက် ပိုမို ကောင်းမွန် သော ဝန်ဆောင်မှုပေးရန် အတွက် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဗီဂျန်ဒရန် ဝပ်ဆင် က ဆိုသည်။

အဆိုပါ edotco Myanmar (edotco MM)သည် မန္တလေး လေဆိပ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ လုပ်ဆောင်နေသည့် MC-Jalux Airport Services Co.Ltd (MJAS) လက်အောက်မှ ဖွဲ့စည်းထားသော လုပ်ငန်း တခုလည်း ဖြစ်သည်။

ခရီးသွားဧည့်သည် များလာသည်နှင့် အမျှ ဆက်သွယ်ရေး ကွန်ရက်များ တိုးချဲ့ ဆောင်ရွက်ရန်နှင့် အရည်အသွေး လိုအပ် ချက်များကို ပြည့်မီနိုင်အောင် ကြိုတင် ပြင်ဆင်သည့်အနေနှင့် ယခုကဲ့သို့ လေဆိပ်တွင် IBS Solutions များကို တပ်ဆင် ခြင်း ဖြစ်ကြောင်း MJAS မှ အထွေထွေ မန်နေဂျာ Kei Goto က ပြောသည်။

ထိုသို့ ဆက်သွယ်ရာတွင် မြန်မာနိုင်ငံရှိ အဓိက ဆက်သွယ်ရေး အော်ပရေတာ ၃ ခုဖြစ်သော Ooredoo Myanmar Limited၊ Telenor Myanmar Limited နှင့် Telecom International Myanmar Company Limited (Mytel) တို့မှ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် ဆက်သွယ်ရေး ကွန်ရက်များ အဆင့်မြှင့်တင်ရေးတွင် ပါဝင် ဆောင်ရွက်သွားမည် ဖြစ်သည်။

edotco Myanmar သည် မလေးရှားနိုင်ငံ အခြေစိုက် edotco Group ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်ပြီး ၂၀၁၅ ခုနှစ်မှ စတင်၍ ပြည်တွင်း ဆက်သွယ်ရေး ကုမ္ပဏီများနှင့် လက်တွဲ ဆောင်ရွက်လျက် ရှိကာ လက်ရှိ မြန်မာနိုင်ငံတွင် တာဝါ တိုင် ပေါင်း ၁၇၀၀ ကျော် စိုက်ထူ လုပ်ဆောင်လျက် ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading