သတင်းတို

ရန်ကုန်ရှိ အစိုးရပိုင် ရုပ်ရှင်ရုံများ ငှားခ အလွန် နည်းပါးကြောင်း လွှတ်တော်တွင် ဝေဖန်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ အချက်အချာ ကျသည့် နေရာများရှိ ရန်ကုန်တိုင်း ဒေသကြီး အစိုးရပိုင် ရုပ်ရှင်ရုံများကို ပုဂ္ဂလိကသို့ ငှားရမ်း ထားသည့် ရငွေမှာ အလွန်နည်းပါး နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ က လွှတ်တော် အစည်းအဝေး၌ ထောက်ပြ ဝေဖန်သည်။

ဦးကျော်ဇေယျက“၁၁ ရုံ ငှားထားတယ်။ သမ္မတရုံ ယခင် တလကို ကျပ်ငွေ ၁၇ သိန်း ရနေတာကနေ ၂၀၁၈ ဇူလိုင်လ မှာ ရတာ ၅၂ သိန်း ဖြစ်လာတယ်။ သို့သော်လည်းပဲ ကျနော် တင်ပြချင်တာ ကတော့ ဒီရုံတွေ ငှားတဲ့ငွေတွေဟာ အများ ကြီး နည်းနေပါ သေး တယ်။ ဒီငွေတွေဟာ လုပ်ငန်းရှင်တွေပဲ ရသွားတယ်” ဟု ပြောသည်။

၂၀၁၈-၂၀၁၉ခုနှစ် ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်း ဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေကြမ်းကို စက်တင်ဘာ ၂၇ ရက်တွင် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြစဉ် ၎င်းက ပြောဆိုခြင်း ဖြစ်သည်။

ထိုကဲ့သို့ ငှားရမ်းခ ရရှိမှု နည်းပါးနေခြင်းသည် အစိုးရ အနေဖြင့် များစွာ နစ်နာနေကြောင်း၊ ရုပ်ရှင်ရုံများကို ယခု ငှားရမ်းခထက် နှစ်ဆ ပေးနိုင်သည့် လုပ်ငန်းရှင်များလည်း ရှိနေကြောင်း ဦးကျော်ဇေယျက ဆက်ပြောသည်။

ဦးကျော်ဇေယျက “ရုံငှားခ နည်းကြပေမယ့်လို့ မြန်မာ့ ရုပ်ရှင် အဆင့်အတန်း မြင့်မားအောင် တဖက်တလမ်းက အထောက် အကူ ပြုနိုင်တယ် ဆိုရင် ကျနော်တို့ လက်ခံဖွယ်ရာ ရှိပါတယ်။ အခု အနေထားကတော့ လက်ခံဖွယ်ရာ မရှိပါဘူး။ အနုပညာ အသိုင်းအဝိုင်းက အသံတွေ ကြားနေရတယ်။ ဒီရုံ ငှားခကို နှစ်ဆပေးနိုင်သော လုပ်ငန်းရှင်များက သက်ဆိုင်ရာ ဝန် ကြီး ဌာနကို တင်ပြ ပြီးသားပါ။ဒါတွေက ဘေးကို ရောက်ကုန်တဲ့ အနေအထား ရှိပါတယ်”ဟု ပြောဆို သည်။

၂၀၁၈ ခုနှစ် ဇူလိုင်လမှ စတင်ပြီး သမ္မတ ရုပ်ရှင်ရုံ၏ ၁ လ ငှားရမ်းခလျှင် ငွေကျပ် ၅၂ သိန်း၊ ရှေ့ဆောင် ရုပ်ရှင်ရုံ၏ ငှား ရမ်းခမှာ ကျပ် ၃၅ သိန်း၊ နေပြည်တော် ရုပ်ရှင်ရုံ၏ ငှားရမ်းခမှာ ကျပ် ၃၂ သိန်း၊ သွင် ရုပ်ရှင်ရုံ ငှားရမ်းခ ကျပ် သိန်း ၂၀၊ ဝဇီရာ ရုပ်ရှင်ရုံ ငှားရမ်းခမှာကျပ် ၁၅ သိန်း၊ စံပြ ရုပ်ရှင်ရုံ ငှားရမ်းခမှာ ၁၂ သိန်း၊ နဝဒေး ရုပ်ရှင်ရုံ ငှားရမ်းခ ကျပ် ၄၅ သိန်း အဖြစ် တိုးမြှင့် ကောက်ခံခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

၁၉၉၆ ခုနှစ်မှ စတင်၍၂၀၁၈ ဇွန်လ အထိ သမ္မတ ရုပ်ရှင်ရုံ ၁ လ ငှားရမ်းခ ကျပ် ၁၇ သိန်းကျော်၊ ၂၀၀၂ ခုနှစ်မှ ၂၀၁၈ ဇွန်လ အထိ ရှေ့ဆောင် ရုပ်ရှင်ရုံ ငှားရမ်းခ ၁၇ သိန်းကျော်နှင့် နေပြည်တော် ရုပ်ရှင်ရုံ ငှားရမ်းခ ၁၅ သိန်း ကျော်သာ ကောက်ယူထားကြောင်း သိရသည်။

ထို့ပြင် ၂၀၀၁ ခုနှစ်မှ စတင်ပြီး ၂၀၁၈ ဇွန်လ အထိ သွင်ရုပ်ရှင်ရုံ ၁ လ ငှားရမ်းခ ကျပ် ၉ သိန်းကျော်၊ ဝဇီရာ ရုပ်ရှင်ရုံ ငှားရမ်းခ ၁၀ သိန်း၊ ၂၀၀၀ ခုနှစ်မှ စတင်ပြီး ၂၀၁၈ ဇွန်လ အထိ စံပြ ရုပ်ရှင်ရုံ ငှားရမ်းခ ၅ သိန်းကျော်နှင့် ၁၉၉၇ ခုနှစ် မှ စတင်ပြီး ၂၀၁၈ ဇွန်လအထိ နဝဒေး ရုပ်ရှင်ရုံ ငှားရမ်းခ ကျပ်၂၃ သိန်းကျော်သာ ရှိခြင်း ဖြစ်သည်။

ရန်ကုန်မြို့လယ် ဧရိယာများ အပါအဝင် အဆင့်မြင့် ကွန်ဒို၊ တိုက်ခန်းတချို့၏ တလ ငှားရမ်းခ နှုန်းထားမှာ အဆိုပါ ရုပ်ရှင်ရုံများ၏ ငှားရမ်းခ ထက်ပင် ပိုမိုများပြားနေပြီး ရွှေတောင်ကြားလမ်းရှိ ငှားရမ်း နေထိုင်သော ကွန်ဒို တချို့တွင် တလ လျှင် အမေရိကန် ဒေါ်လာ ၃၅၀၀ ဝန်းကျင် အထိ ပေါက်ဈေးရှိ နေကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရ သည်။

ရုပ်ရှင်ရုံများမှ ရသင့်ရထိုက်သည့် ငှားရမ်းခ ရမည်ဆိုပါက ဖွံ့ဖြိုးရေး လုပ်ငန်း များစွာ လုပ်နိုင်ပြီး ရန်ကုန်မြို့ အတွက် များစွာ အထောက်အကူ ပြုမည်ဖြစ်ကြောင်း ဦးကျော်ဇေယျက သုံးသပ်သည်။

အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တခုတွင် အလုပ်လုပ်သည့် ကိုမင်းသူက “ဒီလို ရုပ်ရှင်ရုံကြီးတွေကနေ ငှားခက ဒီ လောက်တွေပဲ ရတယ် ဆိုတော့ ခေတ်အခါ ပေါက်ဈေးနဲ့ နည်းလွန်းတာပေါ့။ သူတို့ ရနေတဲ့ ဝင်ငွေက မနည်းလောက် ဘူး ထင်တယ်။ နေရာတွေကလည်း တကယ့်ကိုလူစည်းကားရာ နေရာ ပြီးတော့တခြား အဆောက်အအုံ တိုက်ခန်း တွေ ငှားခနဲ့လည်း ယှဉ်ကြည့်ပါဦး”ဟု ပြောသည်။

တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ရုပ်ရှင်ရုံ ငှားရမ်းခများ အပြင် အားကစားနှင့် ကာယ ပညာ ဦးစီး ဌာနများ၏ ဆိုင်ခန်း မြေနေရာ ငှားရမ်းခများမှာလည်း အလွန်ပင် နည်းပါးနေကြောင်း ထောက်ပြသွား သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading