နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံသို့ ထိပ်သီးဆွေးနွေးပွဲ တက်ရန် ယခုအပတ်အတွင်း သွားမည်ဖြစ်ပြီး ထိုခရီးစဉ်တွင် ဖူကူရှီးမားခရိုင်ရှိ လယ်တောတခုသို့သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း ဂျပန် အစိုးရ သတင်းရင်းမြစ်များကို ကိုးကား၍ ကျိုဒိုသတင်းက ရေးသည်။
မြန်မာကျေးလက်ဒေသများတွင် အလုပ်သမား ရှားပါးမှုကို ရင်ဆိုင်နေရေသောကြောင့် ဖြေရှင်းရန် ဂျပန်လယ်ယာကဏ္ဍ၏ အားထုတ်မှုကို ဖွံ့ဖြိုးရေးပုံစံအနေဖြင့် လေ့လာခြင်းဖြစ်သည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တွင် ကျင်းပမည့် ဆယ်ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးဆွေးနွေးပွဲအတွက် ဂျပန်နိုင်ငံတွင် သောကြာနေ့မှ စပြီး ၆ ရက်ကြာနေထိုင်မည်ဖြစ်ကြောင်း သိရသည်။