သတင်းတို

ကျောက်မဲဂိတ်တွင် တရားမဝင် ကျောက်စိမ်းတုံးများ ဖမ်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ အိုရီယမ်တယ် ဟိုင်းဝေး တိုးလ်ဂိတ်တွင် မန္တလေးမှ မူဆယ် ဘက်သို့ သွားသည့် ၁၂ ဘီး ယာဉ်ပေါ်ကနေ တရားမဝင် ကျောက်စိမ်းတုံးများကို ဖမ်းဆီးရမိထားသည်။

ယနေ့နံနက်ပိုင်းက မန္တလေးမှ မူဆယ်ဘက်သို့ ယာဉ်မောင်း တိုးနန္ဒာအောင်(ခ)အီတိုး မောင်းနှင်လာသော ယာဉ်အမှတ် 7I/8741 FUSO အမျိုးအစား (၁၂) ဘီး ယာဉ်ကို ရပ်တန့် စစ်ဆေးစဉ် တရားမဝင် ကျောက်စိမ်း တုံးများကို တွေ့ရှိ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲရဲစခန်းမှ တာဝန်ကျ အရာရှိတဦးက“ ဖမ်းမိထားတယ်ဆိုတာ ဟုတ်ပါတယ်၊ အခုပစ္စည်းတွေ စစ်နေတုန်း ရှိသေးတယ်၊ အရေးယူမှု မလုပ်ရသေးပါဘူး” ဟု ပြောသည်။

ဖမ်းဆီးမှုတွင် ကျောက်မဲခရိုင်ရဲတပ်ဖွဲ့ဝင်များ အပါအဝင် စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့များနှင့် နယ်မြေမှူးများက ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ကာလတန်ဖိုး နှင့် အရေအတွက်ကို စစ်ဆေးနေသည်ဟု သိရသည်။

Loading