သတင်းတို

ပုပ်ရဟန်းမင်းကြီး ပြုံယမ်း လာလည်ရန် မြောက်ကိုရီးယား ဖိတ်ကြား

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ပြုံယမ်းမြို့သို့ အလည်အပတ်လာရောက်ရန် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ဖိတ်ခေါ်လိုက်သည်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်မှ တဆင့်ဖိတ်ကြားခြင်းဖြစ်ပြီး၊ လာမည် ရက်သတ္တပတ် ပုပ်ရဟန်းမင်းကြီးနှင့် တွေ့သည့်အခါ သမ္မတ မွန်ဂျေးအင်က ပြောကြားမည်ဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတရုံးက သတင်းထုတ်ပြန်သည်။

တောင်ကိုရီးယား သမ္မတမွန်ဂျေအင်းသည် ပြင်သစ်နှင့် အီတလီအပါအဝင် ဥရောပနိုင်ငံများသို့ လာမည့်စနေနေ့တွင် ခရီးထွက်ရန်ရှိပြီး၊ ယင်းခရီးစဉ်အတွင်း ဗာတီကန်စီးတီးသို့လည်း အောက်တိုဘာလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် တရားဝင်ရောက်ရှိမည်ဖြစ်ပြီး ပုပ်ရဟန်းမင်းနှင့် တွေ့ဆုံဆွေးနွေးမည်ဟု မျှော်မှန်းရသည်။

ဖိတ်ကြားလွှာတွင် ပုပ်ရဟန်းမင်းကြီးအား မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက က နွေးထွေးလှိုက်လှဲစွာဖြင့် ပြုံယမ်းသို့အလည်လာရန် ကမ်းလှမ်းပါ ကြောင်းဖော်ပြထားသည်ဟု တောင်ကိုရီးယားသမ္မတရုံးက သတင်းထုတ်ပြန်သည်။

တောင်နှင့် မြောက် ကိုရီးယားခေါင်းဆောင်နှစ်ဦးသည် ယခင်လက မြောက်ကိုရီးယားမြို့တော်တွင် တွေ့ဆုံခဲ့ကြပြီး တတိယမြောက်ထိပ်သီးဆွေးနွေးပွဲဖြစ်မြောက်ရေး တိုင်ပင်ညှိနှိုင်းခဲ့ကြသည်။

Loading