မူးယစ် ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသည့် အဆိုတော် ရသ အပါအဝင် ၃ ဦးအား အောက်တိုဘာလ ၈ ရက်က မန္တလေး ခရိုင် တရားရုံးတွင် ၅ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့ကြောင်း သိရသည်။
၅ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးမှုတွင် အမှု၏ တရားလိုပြ သက်သေများ ဖြစ်သည့် အမှတ်(၁၈) မူးယစ် တပ်ဖွဲ့စု (မန္တ လေး) တောင်ပိုင်းမှ ရဲတပ်ကြပ် ဇင်မင်းထွန်းနှင့် နန်းထိုက်ပန် ဧည့်ရိပ်မွန် မန်နေဂျာ ဦးစိုးသိမ်းဟန်တို့ကို စစ်ဆေးခဲ့သည်။
မန္တလေး ခရိုင် တရားရုံး တာဝန်ရှိသူ တဦးက “အဆိုတော် ရသအပါ ၃ ဦးကို စွဲဆိုတင်ပို့တဲ့ ပုဒ်မကတော့ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)အရ စွဲဆို တင်ပို့လာခြင်း ဖြစ်ပါတယ်။ တရားလိုနဲ့ သက် သေ တယောက်ကို စစ်ဆေးပြီးပြီ။ ဒီနေ့ တရားလိုပြ သက်သေ နှစ်ယောက်ကို ထပ်စစ်ခဲ့ပါတယ်” ဟု ပြောသည်။
အဆိုတော် ရသ အပါအဝင် သုံးဦးကို မူးယစ် ဆေးဝါးများနှင့် အတူ မန္တလေးမြို့ရှိ နန်းထိုက်ပန် ဧည့်ရိပ်မွန်တွင် သြဂုတ်လ ၁၄ ရက် မွန်းလွဲ ၃ နာရီခန့်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဆက်စပ် ဖတ်ရှုရန် – အဆိုတော် ရသ အပါအဝင် ၃ဦး မူးယစ်ဆေးဝါးအမှုဖြင့် ခရိုင်တရားရုံးတွင် စတင်တရားစွဲဆို