သတင်းတို

မင်းဘူးမြို့အနီး လေယာဉ်ပျက်ကျ၊ လေယာဉ်မောင်းသေဆုံး

Want create site? Find Free WordPress Themes and plugins.

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့အထွက် ဆားဗွက်ချောင်းတံတား မြောက်ဘက်တွင် ယနေ့မနက် ၇ နာရီ ၅၀ မိနစ်ခန့်က လေယာဉ်တစီးပျက်ကျကာ လေယာဉ်မောင်းသေဆုံးမှုဖြစ်ပွားကြောင်း ကိုယ်တိုင်ကြည့်ရှူခဲ့သည့် ဒေသခံကိုဆန်းလင်းထွန်းက ဧရာဝတီသို့ပြောသည်။

ကိုဆန်းလင်းထွန်းက “ လေယာဉ်က အပိုင်းပိုင်းပဲ၊ လူကလဲ လေထီးတန်းလန်းနဲ့ အတော်ကိုရုပ်ပျက်ပြီး သေဆုံးနေပြီ၊ ဖြစ်တာကတော့ မင်းဘူးတီဗီအသံလွှင့်ရုံက တာဝါတိုင်ကို တိုက်ပြီးပျက်ကျတာလို့ ထင်တယ်၊ တာဝါတိုင်ကလဲ ကျိုးနေတယ်” ဟု ပြောသည်။

ပျက်ကျခဲ့သည့်လေယာဉ်မှာ မကွေးအခြေစိုက် လေတပ်စခန်းမှ အမောင်းသင်လေယာဉ်ဖြစ်နိုင်ကြောင်း မကွေးတိုင်းဒေသကြီး၊ အမှတ် ၁ မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းက ပြောပြသည်။

မင်းဘူးမြို့နယ်၊ မဲဆန္ဒနယ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်ကမူ လေယာဉ် ၂ စင်းပျက်ကျခဲ့ခြင်းပြီး လေယာဉ်မောင်းများလည်း သေဆုံးခဲ့ကြောင်း ဧရာဝတီသို့ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading