ထိုင်းနိုင်ငံ မြောက်ပိုင်း ကမ်ဖန်ပက် ပြည်နယ် Khlong Khlung ခရိုင်မှာ မြန်မာနိုင်ငံသားများ တင်လာသည့် Van ကား တစီး ယနေ့ နံနက်က လမ်းဘေးသစ်ပင်ကို ဝင်တိုက်ပြီး မီးလောင်သဖြင့် မြန်မာ ၉ဦး သေဆုံးကာ ၆ဦး ဒဏ်ရာရရှိ ကြောင်း Bangkok Post သတင်းက ဆိုသည်။
Sawang ကယ်ဆယ်ရေးအဖွဲ့ အဆိုအရ ယာဉ်မတော်တဆဖြစ်ပွားမှုမှာ Phahon Yothin လမ်းမပေါ်တွင် ဖြစ်ပွားခြင်းဖြစ် ပြီး၊ သစ်ပင်ကို ဝင်တိုက်ပြီးနောက် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ မြန်မာ ၉ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရပြီး ထိုင်းယာဉ်မောင်း လည်း မီးလောင်ကျွမ်းခံခဲ့ရကြောင်း သိရသည်။
မြန်မာများတင်ဆောင်လာသည့် အဆိုပါကားမှာ မဲဆောက်သို့ ဦးတည်မောင်းနှင်လာခြင်းဖြစ်ကြောင်း၊ မိုးအကြီးအကျယ် ရွာသွန်းမှုကြောင့် လမ်းချော်မှု ဖြစ်ခြင်း ဖြစ်နိုင်ကြောင်း Khlong Khlung ခရိုင် ရဲဗိုလ်မှူးကြီး နတ်သာဝပ် ဆွန်ချိုင်း မောင်းကိုး ကပြောသည်။
လတ်တလော သေဆုံးသူတွေနဲ့ ဒဏ်ရာရသူ ခရီးသည်များနှင့် ပတ်သက်၍ မည်သူမည်ဝါဖြစ်သည် ကိုမူ ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း၊ အလားတူ အယုဒ္ဒယတွင်လည်း ခရီးသည်တင်ကားတစီး တံတားပေါ်မှ ရေထဲသို့ ထိုးကျသွားသဖြင့် ၆ဦး သေဆုံးကြောင်း သိရသည်။