ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းသို့ ယူတုအမည်ရှိ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ယနေ့ ဝင်ရောက်တိုက် ခတ် ရာ မြေပြိုမှုများ ဖြစ်ပွားပြီး လူ ၆ဦးထက်မနဲ သေဆုံးကာ လူပေါင်းထောင်ချီ၍ ထိခိုက်ခဲ့ကြောင်း သိရသည်။
ယခုဝင်ရောက်သည့် ယူတုမုန်တိုင်းမှာ ဖိလစ်ပိုင် အရှေ့မြောက်ရှိ အစ္စဘဲလာပြည်နယ်ကို အရုဏ် မတက်မီ ဝင်ရောက်ခဲ့ ခြင်းဖြစ်ပြီး၊ မုန်တိုင်းအရှိန်ကြောင့် သစ်ပင်နှင့် ဓာတ်မီးတိုင်များ လဲကျကာ လူနေ အဆောက်အဦနှင့် ဆိုင်များ၏ ခေါင် မိုးများ လွှင့်စင်သွားခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရက ထုတ်ပြသည်။
မြေပြိုမှုများကြောင့် မောင်တိန်းပြည်နယ် နက်အိုနင်မြို့ရှိ ဆောက်လုပ်ဆဲ အစိုးရအဆောက်အဦ တလုံး ပြိုကျပျက်စီးခဲ့ရာ လူ ၂၀ ထက်မနဲ ပိတ်မိနေကြောင်း၊ မြေပြိုမှုများ ဆက်တိုက်ဖြစ်နေ၍ လမ်းများ ပိတ်ဆို့နေသည့်အတွက် ရဲတပ်ဖွဲ့ ဝင်များ ယင်းဒေသသို့ မဝင်ရောက်နိုင်သေးကြောင်း ဒေသဆိုင်ရာ ရဲမှူးချုပ် ရိုနယ်ဒို နာနာက ဆိုသည်။
မုန်တိုင်းသည် စီရာမာထရီတောင်တန်းများဘက်သို့ ရောက်သည့်အခါ အားပျော့သွားခဲ့ပြီး နျူဗားဗစ် ကယာ၊ ဘန်ဂက်နှင့် La Union ပြည်နယ်များအနောက်ဘက်ဆီသို့ ဆက်လက်ဝင်ရောက်သွားခဲ့သည်။ ထိုပြည်နယ်များသည် ပြီးခဲ့သည့် စက်တင်ဘာလ အလယ်ပိုင်းက Mangkhut မုန်တိုင်းကြောင့် လူ ၁၀၀ ကျော်သေဆုံးပြီး ပျောက်ဆုံးမှုများဖြစ်ပွားခဲ့ရာဒေသဖြစ်သည်။
ယခုအခါ ယူတုမုန်တိုင်းသည် တောင်တရုတ်ပင်လယ်ဘက်သို့ ဆက်လက်ရွေ့လျားသွားခဲ့ကြောင်း ရာသီဥတုခန့်မှန်းသူများက ပြောသည်။