သတင်းတို

သံမဏိ (Steel Structure) သုံး M Tower အား ၂၀၂၀ တွင် အပြီးသတ်မည်

အုတ်နှင့် ကွန်ကရစ်မသုံးဘဲ သံမဏိ (Steel Structure) ဖြင့် ပထမဆုံး တည်ဆောက်မည့် M Tower ကို လာမည့် ၂၀၂၀ ခုနှစ်တွင် အပြီးသတ် တည်ဆောက်မည်ဟု မုတ္တမဟိုးလ်ဒင်းကုမ္ပဏီဥက္ကဋ္ဌ ဦးရန်ဟော်က ပြောသည်။

M Tower ကို ရန်ကုန်မြို့၊ လှည်းတန်းတွင် ဆောက်လုပ်နေပြီး အဆောက်အအုံတွင် သုံးမည့် မှန်များကို တနာရီ မိုင် ၁၂၀ တိုက်ခတ်မှု ခံနိုင်အောင် စီမံထားပြီး ငလျင်ဒဏ် ခံနိုင်အောင် ဆောင်ရွက်ထားသည်ဟု သိရသည်။

ဦးရန်ဟော်က “ဒီအဆောက်အအုံဒီဇိုင်းက Fabrication နဲ့ Installation ပိုင်းမှာ အခက်အခဲဆုံး ဖြစ်တယ်။ ဗိသုကာပိုင်းမှာဆိုလည်း Steel Structure (သံမဏိ) နဲ့ တည်ဆောက် ပုံဖော်ထားတယ်။ နိုင်ငံတကာအဆင့် စံချိန်သတ်မှတ်ချက် အမြင့်ဆုံး 5A နဲ့ ဆောက်လုပ်ပြီး မြန်မာနိုင်ငံမှာ ဒါက ပထမဆုံးဖြစ်လိမ့်မယ်”ဟု ဆိုသည်။
၎င်းက ဆက်လက်ပြီး “Steel Structure ဖြစ်တဲ့အတွက် ငလျင်ဒဏ်ကိုလည်း ပိုပြီးခံနိုင်မှာဖြစ်တယ်။ သံတန်ချိန်ကလည်း ၈ ထောင်ကျော်လောက် ဒီအဆောက်အဦးမှာ ပါတယ်။ Glass Cutting Wall နှစ်ထပ်မှန်ကိုသုံးထားတဲ့အတွက် အပူရှိန်ကိုလည်း သက်သာစေတယ်” ဟု ဆိုသည်။
Steel Structure ဖြင့် တည်ဆောက်သည့်အတွက် တည်ဆောက်ရေးလုပ်ငန်းပိုင်းတွင် အချိန်ကုန်သက်သာကာ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျော့ပါးစေသည်ဟု သိရသည်။

ဂျပန်နည်းပညာဖြင့် ပုံဖော်ထားသည့် M Tower တွင် အသုံးပြုသည့် သံမဏိ Steel Structure များကို မင်းဓမ္မ Steel structure စက်ရုံမှ ထိုင်ဝမ်နည်းပညာ အသုံးပြု၍ ထုတ်လုပ်မည် ဖြစ်သည်။

Loading