သတင်းတို

မန္တလေးတိုင်းတွင် ကြားဖြတ်အတွက် မဲပေးခွင့်ရှိသူ ၃ သိန်းကျော်ရှိ

Want create site? Find Free WordPress Themes and plugins.

နိုဝင်ဘာလ ၃ ရက်တွင် ပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် မန္တလေးတိုင်းတွင်း လစ်လပ် မဲဆန္ဒနယ်များ တွင် မဲပေးခွင့်ရှိသူ ၃ သိန်းကျော် ရှိသည်ဟု တိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်းဝင်းက ဧရာဝတီကို ပြော သည်။

လာမည့် ကြားဖြတ်တွင် မန္တလေးတိုင်း၌ လစ်လပ်မဲဆန္ဒနယ် ၃ နေရာရှိပြီး မြင်းခြံ (ပြည်သူ့လွှတ်တော်)၊ သပိတ်ကျင်း (တိုင်းဒေသကြီး) နှင့် ရှမ်းတိုင်းရင်းသား မဲဆန္ဒနယ်တို့ ဖြစ်ကာ အိမ်ထောင်စု ၉၆, ၂၆၀ မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၁၃,၉၅၀ ဦးရှိပြီး စုစုပေါင်းမဲရုံ ၆၈၇ ရှိသည်ဟု တိုင်းကော်မရှင် အဖွဲ့ခွဲ စာရင်းအရ သိရသည်။

၎င်းတို့အနက် သပိတ်ကျင်း (တိုင်းလွှတ်တော် ၁) အတွက် မဲဆန္ဒနယ်ရှင် ၄၉,၆၂၂ ဦးအတွက် မဲရုံ ၄၅ ရုံ၊ မြင်းခြံ (ပြည်သူ့လွှတ်တော်) အတွက် ၂၂၁,၈၆၅ ဦးအတွက် မဲရုံ ၂၆၈ ရုံနှင့် ရှမ်းတိုင်းရင်းသား မဲဆန္ဒနယ် အတွက် ၄၂,၄၆၃ အတွက် မဲရုံ ၃၇၄ ရုံ ဖြစ်သည်။

တိုင်းကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးရှိန်းဝင်းက“အခု ကြားဖြတ်မှာ မသန်စွမ်း မဲဆန္ဒရှင်တွေ အတွက် သီးသန့်စံပြမဲရုံ မထားတော့ဘူး။ ၂၀၂၀ အထွေထွေ ကျရင်တော့ စံပြမဲရုံတွေ ထားပေးမှာပါ”ဟု ဧရာဝတီကို ပြောသည်။

မန္တလေးတိုင်းတွင် မသန်စွမ်းမဲဆန္ဒရှင် ၁၁၀ ရှိကာ မြင်းခြံ မဲဆန္ဒနယ်အတွက် ဖြစ်ပြီး ၎င်းတို့ မဲပေးရာတွင် ကူညီရန် အတွက် သက်ဆိုင်ရာ မဲရုံတာဝန်ရှိသူများကို သင်တန်းများ ပို့ချထားသည်ဟုလည်း ရှင်းပြသည်။

လာမည့် ကြားဖြတ်တွင် မန္တလေးတိုင်း လစ်လပ် မဲဆန္ဒနယ် ၃ ခုတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်၊ ပြည်သူ့ အလုပ်သမား၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ပြည်ထောင်စု လယ်သမား အလုပ်သမား အင်အားစု၊ အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီများအပြင် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ စုစုပေါင်း ၁၅ ဦး ယှဉ်ပြိုင်ကြမည်ဟု သိရသည်။

 

Did you find apk for android? You can find new Free Android Games and apps.
Loading