ရခိုင်ပြည်နယ်၊ ရသေ့တောင် မဲဆန္ဒနယ် (၂) တွင် မဲပေးခွင့်ရှိသူ ၅၂,၀၀၀ ကျော် ရှိသော်လည်း ၃၀,၄၇၈ ဦးသာ မဲလာပေးခဲ့သည့်အတွက် မဲမပေးသူ ၂၀,၀၀၀ ကျော်ရှိသည်ဟု ပြည်နယ် ရွေးကော်ပွဲ ကော်မရှင် ကိန်းဂဏန်းများအရ သိရသည်။
နိုဝင်ဘာလ ၃ ရက်က ပြုလုပ်ခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ယင်းလစ်လပ်နေရာအတွက် တသီးပုဂ္ဂလ အပါအဝင် ကိုယ်စားလှယ် ၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကာ မဲရုံပေါင်း ၈၆ ရုံ ရှိသည်။
ဝင်ရောက်ယှဉ်ပြိုင်သူများမှာ ရခိုင်အမျိုးသားပါတီ (ANP) ပါတီမှ ဦးမောင်လှမြင့် ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ပါတီမှ ဦးသိန်းမောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (NLD) ပါတီမှ ဦးခင်သန်းမောင် ၊ တသီး ပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဒေါက်တာအေးမောင်၏ သား ဦးတင်မောင်ဝင်းတို့ ဖြစ်သည်။
ဦးတင်မောင်ဝင်းမှာ မဲအရေအတွက် စုစုပေါင်း ၂၄,၄၁၇ (၈၂ ရာခိုင်နှုန်းကျော်) ဖြင့် အနိုင်ရရှိကြောင်း ပြည်နယ် ကော်မရှင်အဖွဲ့က နိုဝင်ဘာလ ၄ ရက်တွင် ကြေညာထားသည်။