• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

တပ်က ဖမ်းထားသည့် KBC ဓမ္မအမှုတော်ဆောင်နှင့် ဒေသခံ ၁၁ ဦး ပြန်လွတ်လာ

by နန်းလွင်နှင်းပွင့်
5 November 2018
in သတင်းတို
A A
တိုက်ပွဲကြောင့် နေရပ်မှထွက်ခွာလာသည့် ကချင်ဒေသခံများအား ဧပြီလအတွင်းက တွေ့ရစဉ်  / KBC Kachin

တိုက်ပွဲကြောင့် နေရပ်မှထွက်ခွာလာသည့် ကချင်ဒေသခံများအား ဧပြီလအတွင်းက တွေ့ရစဉ် / KBC Kachin

12.2k
VIEWS
Share on FacebookShare on Twitter

ကချင်ပြည်နယ်အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဖမ်းဆီးစစ်ဆေးနေသည့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ဓမ္မအမှုတော်ဆောင် ဆရာမတဦး အပါအဝင် ၁၀ ဦးကျော်ကို နိုဝင်ဘာလ ၄ ရက်က ပြန်လွှတ်ပေးလိုက်ပြီဟု သတင်းရရှိသည်။

KBC မှ ဓမ္မအမှုတော်ဆောင် ဆရာမအပါအဝင် ၁၅ ဦးကို အောက်တိုဘာလ ၂၄ ရက်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ လိုင်ဇာမြို့ဝင်ဂိတ်မှ ထွက်လာစဉ် တပ်မတော်ဘက်က ဖမ်းဆီးလိုက်ခြင်း ဖြစ်ပြီး ရက်ပိုင်းအတွင်း ၃ ဦးကို ပြန်လွှတ်ပြီးနောက် ကျန် ၁၂ ဦးကို ထပ်မံလွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
249
အရိုင်းအစိုင်းများအတွက် မေးခွန်းများ

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

13 May 2025
2k
တရုတ်အကျဉ်းထောင်ရှိ မြန်မာအကျဉ်းသားများ၏ ဆင်းရဲဒုက္ခ

တရုတ်အကျဉ်းထောင်ရှိ မြန်မာအကျဉ်းသားများ၏ ဆင်းရဲဒုက္ခ

10 May 2025
1.6k

၎င်းတို့ လွတ်မြောက်ရေးအတွက် ကချင်ပြည်နယ်အစိုးရနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကို စာပို့တောင်းဆိုခဲ့သည့် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက “သူတို့ကို ဘာမှ မတွေ့လို့ ပြန်လွှတ်ပေးတဲ့ သဘောပါပဲ။ မနေ့က သူတ့ိုလွတ်လာတော့ အမျိုးသမီးတွေရော အမျိုးသားတွေရော တပ်က လက်လွန်ခြေလွန် ထိတာရှိလား မေးတော့ ဘာမှမရှိဘူးတဲ့။ ပါးစပ်နဲ့ပဲ မေးပြီး သက်ဆိုင်ရာ အမိန့်စောင့်တာတဲ့။ လက်နဲ့ထိတာတော့ မလုပ်ဘူးတဲ့”ဟု ဧရာဝတီကို ပြောသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဖမ်းဆီးထားသူများကို မြစ်ကြီးနားမြို့၊ အမှတ် (၁) မြို့မရဲစခန်းမှတစ်ဆင့် ကရင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ပြီး ထိုဂိတ်ဝအား ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ တပ်နှင့် KIA တို့အကြား တိုက်ပွဲများဖြစ်ပြီး နောက်ပိုင်း တပ်ဘက်မှ ပိတ်ထားခြင်း ဖြစ်သည်။

ဦးလမိုင်ဂွမ်ဂျာက “တပ်ကလည်း လုံခြုံရေးအရ ပိတ်ထားတဲ့လမ်းက ထွက်လာတော့ KBC မှ မဟုတ်ဘူး။ ဘယ်သူဘယ်ဝါလာလာ မသင်္ကာရင် ဖမ်းပြီး စစ်ဆေးတာရှိတယ်။ တိုက်ပွဲဖြစ်နေသရွေ့ကတော့ ဒီလိုပဲ ခဏခဏ ဖြစ်နေမှာပဲ” ဟု ဆိုသည်။

သာသနာပြုလုပ်ငန်းများအတွက် KBC မှ သာသနာရေးဝန်ထမ်းများသည် သွားလာရသည့် နယ်မြေများတွင် အစိုးရ ထိန်းချုပ်ရာ နယ်မြေများအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်သည့် နယ်မြေများလည်း ပါဝင်သည်ဟု သိရသည်။

Your Thoughts …
Tags: KBC ဓမ္မအမှုတော်ဆောင် ပြန်လွတ်
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
မိုးထိမိုးမိ ဒေသ ရွှေတူးဖော်ရေး လုပ်ကွက် တခု  / NPGPG Gold Mine

အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ အပါအဝင် လူ ၃၀ ကျော်ကို တရားစွဲမည်

AGIPP က နိုဝင်ဘာလဆန်းက ရန်ကုန်မြို့တွင် ပြုလုပ်သည့်အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ  / လဲ့လဲ့ / ဧရာဝတီ

စစ်ဘေးရှောင်နှင့် ဒုက္ခသည် ပြန်လည် ထူထောင်ရေးများ အဆင်မပြေဟု ဆို

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

19 hours ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate