ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ် ဖရာမန်ဂရိုင်းခရိုင်၏ ကားလမ်းဘေး တနေရာတွင် ဝှက်ထားသည့် မက်သာဖက်တမင်း ဆေး ပြား ၃. ၅ သန်းကို ထိုင်းရဲတပ်ဖွဲ့က အင်္ဂါနေ့နံနက်ပိုင်းက သိမ်းဆည်းရမိ ကြောင်း Bangkok Post သတင်းကဆိုသည်။
မဲပေါင်ဒေသရှိ မူးယစ်မှောင်ခိုသူများ မကြာခဏ သွားလာတတ်သည့် လမ်းကြောင်း တွင် ရဲများက ကင်းလှည့်စဉ် မြက် တောထူထပ်ရာ နေရာတွင် ဓာတ်မြေသြဇာ အိတ် ၁၇ လုံးဖြင့် ထည့်ထားသည့် အလေးချိန် ၄၁၇ ကီလိုဂရမ်ခန့် မက်သာ ဖက်တမင်း ဆေးပြား စုစုပေါင်း ၃ ဒသမ ၅ သန်းကို တွေ့ရခြင်းဖြစ်သည်။
တွေ့ရှိချိန်တွင် ယင်းတနေရာတဝိုက် လူသူအရိပ်အယောင် မတွေ့ရဘဲ ထိုမူးယစ်ဆေးဝါးများသည် နယ်စပ်ဖြတ်ကျော် ခိုးသွင်းလာကာ ဝှက်ထားပြီးနောက် ဝယ်လက်ထံ ဖြန့်ဖြူးမည်ဟု ယူဆရသည်။
ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု အရေအတွက် ပိုမိုများပြားလာရာ တနင်္ဂနွေနေ့ အစောပိုင်းကလည်း မြန်မာနယ်စပ်ရှိ မယ်ဖလုံ ခရိုင်တွင် မက်သာဖက်တမင်း ဆေးပြား ၅သိန်းကို ထောက်လှမ်းရေး သတင်းအရ အထူးရဲ တပ်ဖွဲ့များက စစ်ဆေးရေး ဂိတ်တွင် စောင့်ဆိုင်း ဖမ်းဆီးနိုင်ခဲ့ သည်။