ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် မီးပုံးအလုံးပေါင်း ၄၁၀ လုံး ပါဝင်ယှဉ်ပြိုင်မည်ဟု ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။
မီးပုံးပျံပွဲတော်ကို တောင်ကြီးမြို့ အဝေရာကွင်းတွင် နိုဝင်ဘာလ ၁၄ မှ ၂၃ ရက်အထိ ၁၀ ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ယခင်နှစ်ကမူ မီးပုံးပျံ ၃၉၀ ကျော်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
မီးပုံပျံပြိုင်ပွဲ ကျင်းပရေးလုပ်ငန်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာ သန်းဝင်းက “နောက်ဆုံးစာရင်းအခြေအနေကတော့ မနှစ်ကထက် ပိုခဲ့ပါတယ်၊ ဒီနှစ် အားလုံးအတွက် ချုပ်ပြောရမယ် ဆိုရင် မီးပုံးပျံ ၄၁၀ လုံး လွှတ်တင်သွားမှာပါ” ဟု ပြောသည်။
ပြိုင်ပွဲဝင်မည့် မီးပုံးအမျိုးအစားများမှာ ညမီးကြီး ၈၁ လုံး၊ စိန်နားပန် ၄၂ လုံး၊ နေ့လွှတ် အရုပ်အုပ်စု ၄၂ လုံး၊ ခြေ နှစ်ချောင်းအရုပ် ၁၅၆ လုံး၊ ခြေလေးချောင်းအရုပ် ၈၉ လုံး၊ စုစုပေါင်း ၄၁၀ လုံး ဖြစ်သည်။
တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ လုံခြုံရေးအတွက် ရဲအင်အား ၇၈၀ အသုံးပြုရန် စီစဉ်ထားသည်ဟုလည်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
တောင်ကြီး တန်ဆောင်တိုင်း မီးပုံးပျံပြိုင်ပွဲကို ၁၉၅၄ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ရေးအတွက် ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာနက ကြိုးပမ်းလျက် ရှိသည်။