သတင်းတို

AA စစ်ဦးစီးချုပ်ပုံပါ မီးပုံးပျံ လွှတ်တင်သူ ထောင်ဒဏ် ၂ နှစ် ချခံရ

Want create site? Find Free WordPress Themes and plugins.

ရက္ခိုင့်တပ်မတော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပုံပါ မီးပုံးပျံ လွတ်တင်မှုဖြင့် ဖမ်းဆီး တရားစွဲခံနေရသူ ဦးလှထွန်းကျော်ကို ကျောက်ဖြူမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ် ယနေ့ ချမှတ်လိုက်ကြောင်း အကျိုးဆောင် ရှေ့နေ ထံမှ သိရသည်။

ဦးလှထွန်းကျော်မှာ ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာနေသူ ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ဒေသ တွင်း ပြုလုပ်သည့် တန်ဆောင်တိုင်ပွဲတွင် HAPPY BIRTHDAY GENERAL ဟု စာတမ်းထိုးသော AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပုံပါ မီးပုံးပျံ လွှတ်တင်ခဲ့သည့်အတွက် ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

“မတရားအသင်း ဥပဒေပုဒ်မ ၁၇ (၁) နဲ့ သူ့ကို ဒီနေ့ ထောင် ၂ နှစ် ချလိုက်ပါတယ်။ တရားရုံးကတော့ သူ့အမြင်နဲ့သူ ငြိစွန်း တယ်မြင်လို့ ချတာပေါ့။ ကျနော်တို့ကလည်း ဒီအမိန့်ဟာ မသင့်တော်ဘူး မြင်တဲ့အတွက် အထက်ကို အယူခံတက်ဖို့တော့ စဉ်းစားထားပါတယ်”ဟု ဦးလှထွန်းကျော်အမှုအား လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေ ဦးတင်မြင့်က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading