• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

“နိုးကြားနေအောင် ဆေးခြောက်သုံးတယ်”ဟု ဒူတာတေး ပြော

by ဧရာဝတီ
4 December 2018
in သတင်းတို
A A
မိန့်ခွန်းတခုတွင် ဒူတာတေးက “ ကျနော့်ကိုယ်ကို နိုးကြားတက်ကြွနေအောင် ဆေးခြောက်သုံးတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည် / Reuters

မိန့်ခွန်းတခုတွင် ဒူတာတေးက “ ကျနော့်ကိုယ်ကို နိုးကြားတက်ကြွနေအောင် ဆေးခြောက်သုံးတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည် / Reuters

9.2k
VIEWS
Share on FacebookShare on Twitter

၂၀၁၆ ခုနှစ်က မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းနှင့် ပတ်သက်ပြီး သင်္ကာမကင်းမှုဖြင့် လူ ၅ ထောင်နီးပါးကို သတ်ဖြတ်ခဲ့သည့် အငြင်းပွားဖွယ်ရာ မူးယစ်နှိမ်နင်းရေးစစ်ပွဲ ဆင်နွှဲခဲ့သူ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက နိုးကြားနေစေရန် ဆေးခြောက်သုံးကြောင်း တနင်္လာနေ့က ထုတ်ပြောခဲ့ပြီးနောက် ယင်းသို့ပြောကြားချက်သည် ရယ်မောစရာ ပြက်လုံးထုတ်ခြင်းသာဖြစ်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

၎င်းပြောကြားခဲ့သော သဘောထားမှတ်ချက်သည် ၎င်း၏မူးယစ်နှိမ်နင်းမှုတွင် ထိခိုက်သေဆုံးခဲ့ရသူများ၏ ဆွေမျိုးသားချင်းများအတွက် ဒေါသထွက်စရာဖြစ်ခဲ့သည်။ ဆေးခြောက်သည် အရှေ့တောင်အာရှတနိုင်ငံဖြစ်သော ဖိလစ်ပိုင်တွင် တရားမဝင်ကြောင်း သတ်မှတ်ထားပြီး စိတ်ကြွဆေးလည်း မဟုတ်ပေ။

RelatedPosts

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

21 May 2025
218
ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို  အမေရိကန်ဥပဒေ ခွင့်ပြု မပြု

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

21 May 2025
385
ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

ကလေးငယ်များကို စစ်ကောင်စီ အစုလိုက် သတ်ဖြတ်မှုတွင် နှုတ်ဆိတ်နေခြင်းက ကြံရာပါမှုမြောက်သည်

21 May 2025
221

စင်ကာပူနိုင်ငံတွင် ယခင်လက ကျင်းပခဲ့သော အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ထိပ်သီးအစည်းအဝေးနှင့်ပတ်သက်ပြီး ဝေဖန်ပြောဆိုသည့် မိန့်ခွန်းတခုတွင် ဒူတာတေးက “ ကျနော့်ကိုယ်ကို နိုးကြားတက်ကြွနေအောင် ဆေးခြောက်သုံးတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

၎င်းမိန့်ခွန်းအပြီးတွင် ဒူတာတေးက သတင်းထောက်များကိုပြောကြားရာ၌ ဟာသပြက်လုံး ထုတ်ခြင်းဖြစ်ကြောင်း ပြောသော်လည်း ယင်းဟာသအပေါ် လူ့အခွင့်အရေးတက်ကြွသူ တဦးက ဝေဖန်ခဲ့သည်။

“ဒီလိုပြောလိုက်တာဟာ (နစ်နာခဲ့ရတဲ့) မိသားစုတွေအတွက် တကယ်ဒေါသထွက်စရာပါ။ သမ္မတ ထုတ်ဖော်ဝန်ခံတဲ့ အကြောင်းအရာနဲ့ မူးယစ်ဆေးသုံးတဲ့သူတွေအပေါ် သမ္မတ ကိုင်တွယ်တာနဲ့ အဆက်အစပ် မရှိ ဖြစ်နေပါတယ်” ဟု နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ ဖိလစ်ပိုင်အရေးလေ့လာသူ ကားလော့စ်ကွန်ဒီက ရိုက်တာသို့ ပြောသည်။

ကိုးကား ။ ။ Reuters

Your Thoughts …
Tags: ဆေးခြောက်ဒူတာတေးမူးယစ်နှိမ်နင်းရေးစစ်ပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒူတာတေး အဖမ်းခံရခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံရေးတွင် မားကို့စ်မိသားစု အသာစီးရ

ဒူတာတေး အဖမ်းခံရခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံရေးတွင် မားကို့စ်မိသားစု အသာစီးရ

by Lisandro Claudio
13 March 2025
3.4k

ရိုဒရီဂို ဒူတာတေး၏ စည်းရုံးဆွဲဆောင်နိုင်မှုကို မည်သူမှ လျှော့မတွက်သင့်ပေ။ သူသည် ဒေါ်နယ်ထရမ့်နှင့်တူသည်။

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

by Karen Lema
17 May 2025
1.7k

ဒူတာတေးမိသားစုဝင်တဦး သမ္မတဖြစ်လာခြင်းသည် အရေးပါသည့် လုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒ သက်ရောက်မှုများလည်းရှိနိုင်ပြီး ဖိလစ်ပိုင်သည် အာရှတွင် အမေရိကန် ပြည်ထောင်စု၏ အနီးကပ်ဆုံးနှင့် သေနင်္ဂဗျူဟာအကျဆုံး တည်ရှိသည့် မဟာမိတ်ဖြစ်သောကြောင့် အမေရိကန်အတွက်လည်း သက်ရောက်မှုများ ရှိနိုင်သည်။

ဖျော်ဖြေရေးအတွက် ဆေးခြောက်သုံးစွဲမှု ပိတ်ပင်မည်ဟု ထိုင်း အစိုးရပြော

ဖျော်ဖြေရေးအတွက် ဆေးခြောက်သုံးစွဲမှု ပိတ်ပင်မည်ဟု ထိုင်း အစိုးရပြော

by ဧရာဝတီ
9 February 2024
878

"အဲဒီဥပဒေသစ်က ဆေးခြောက်ကို ကျန်းမာရေးနဲ့ ဆေးဝါးအတွက်ပဲ သုံးဖို့ ခွင့်ပြုမှာဖြစ်ပြီး လက်ရှိဥပဒေကို ပြင်ဆင်မှာဖြစ်တယ်" ဟု ကျန်းမာရေးဝန်ကြီး မစ္စတာ ချိုလန်နန် ဆရီကောက သတင်းထောက်များကိုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်မှစ၍ ထိုင်းတွင် ကျန်းမာရေးအတွက် ဆေးခြောက်စိုက်ပျိုးခြင်းနှင့် လက်ဝယ်ရှိမှုကို ရာဇဝတ်မှု မဟုတ်ဟု သတ်မှတ်ခဲ့သည် / AFP

ထိုင်းမှ တရားဝင် ဆေးခြောက်အကြောင်း သိကောင်းစရာ ၅ ချက်

by ဧရာဝတီ
1 July 2022
10.4k

ထိုင်းနိုင်ငံသည် အာရှတွင် ဆေးခြောက်ကို ပထမဆုံး တရားဝင်အဖြစ် သတ်မှတ်သည့်နိုင်ငံ ဖြစ်လာသည်။

ICC ဖမ်းဝရမ်းနဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး အဖမ်းခံရ (ရုပ်/သံ)

ICC ဖမ်းဝရမ်းနဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး အဖမ်းခံရ (ရုပ်/သံ)

by ဧရာဝတီ
11 March 2025
248

လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC ) မှာ စွဲချက်တင်ခံထားရတဲ့ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို မတ်လ ၁၁ ရက်နေ့က မနီလာ အပြည်ပြည် ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးလိုက်တယ်လို့ ဖိလစ်ပိုင်အစိုးရ က ပြောကြားခဲ့ပါတယ်။

နှလုံးရောဂါသည်တွေအတွက် ဆေး ခြောက်ကို အသုံးပြုမယ်ဆိုရင် ချင့်ချိန်သုံးသင့်တယ်လို့ ဆိုပါတယ်။

နှလုံးကျန်းမာရေးကို ထိခိုက်စေတဲ့ ဆေးခြောက်သုံးစွဲမှု အန္တရာယ်

by Aurora
27 January 2020
7.3k

ဆေးခြောက်သုံးစွဲခြင်းဟာ ကိုကင်းဓာတ်နဲ့ အစာမကြေလွယ်တဲ့ Heavy Meal မကြာခဏ စားလေ့ ရှိသူတွေပြီးရင် နှလုံးရောဂါဖြစ်စေတဲ့ တတိယမြောက် အဓိကအကြောင်းရင်းလည်း ဖြစ်ပါတယ်။

Next Post
ရန်ကုန်ဘူတာကြီးတွင် ရထားလမ်းများ ပြုပြင်ခဲ့စဉ် / ဧရာဝတီ

တရုတ်လုပ် ရထားတွဲဝယ်ရန် တရုတ်ထံမှ ငွေချေးရေး လွှတ်တော် ခွင့်ပြု

ဒေသခံများ အဓမ္မ ပြောင်းရွှေ့ခံရသည်ဟု ဆိုသည့် ပန်ပီးကျေးရွာ  / ခွန်သောမတ် / Facebook

ပန်ပီး အပါအဝင် ရွာ ၃ ရွာ ရွှေ့ပြောင်းခိုင်းခြင်း မရှိဟု PNLO ထုတ်ပြန်

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate