• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

မဲဆောက် အမှိုက်ပုံကို မှီခိုနေသည့် မြန်မာလုပ်သားများကို ထိုင်းရဲ ဖမ်းဆီး

by ဇူးဇူး
26 December 2018
in သတင်းတို
A A
မဲဆောက် အမှိုက်ပုံကို မှီခိုလုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများနှင့် ၎င်းတို့၏တဲအိမ်များ / ကျော်ခ / ဧရာဝတီ

မဲဆောက် အမှိုက်ပုံကို မှီခိုလုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများနှင့် ၎င်းတို့၏တဲအိမ်များ / ကျော်ခ / ဧရာဝတီ

6.5k
VIEWS
Share on FacebookShare on Twitter

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၉၀ ခန့် ဖမ်းဆီးခံခဲ့ရပြီး ထိုအထဲတွင် မဲ့ပတိုက်နယ်ရှိ အမှိုက်ပုံကြီးအား မှီခိုလုပ်ကိုင်နေကြသူ ၇၀ ကျော် ပါဝင်ကြောင်း သိရသည်။

တာ့ခ်ခရိုင် လူဝင်မှု ကြီးကြပ်ရေး၊ မှုခင်းရဲတပ်ဖွဲ့၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ထိုင်း အလုပ်သမားဌာန မဲဆောက် အလုပ်သမား ကြီးကြပ်ရေးရုံးတို့ ပူးပေါင်းထားသည့် တပ်ဖွဲ့က ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

RelatedPosts

အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

21 June 2025
1.6k
မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

20 June 2025
325
ဝေဖန်သံတွေညံနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ

ဝေဖန်သံတွေညံနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ

19 June 2025
2k

ဖမ်းဆီးခံရသူများထဲတွင် အမှိုက်ပုံအား မှီခိုလုပ်ကိုင်နေသူများအပြင် ထဆိုင်လွတ် တိုက်နယ်မှ မြန်မာ ကျပန်း အလုပ်သမား ၁၀ ဦးကျော်လည်း ပါဝင်ပြီး ၎င်းတို့သည် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် အထောက် အထားမရှိသူများနှင့် အထောက်အထား မပြည့်စုံသူများ ဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်းအလုပ်သမား ကွန်ရက် (MMNT) ဥက္ကဋ္ဌ ဦးမိုးကြိုး က “အဓိက အားဖြင့်တော့ စာရွက်စာတမ်း အထောက်အထား မရှိတဲ့သူတွေ၊ အထောက်အထား မစုံတဲ့သူတွေကို ဖမ်းတာပါ။ စုစုပေါင်း ၉၀ လောက် ရှိတယ်” ဟု ဧရာဝတီကို ပြောသည်။

တာ့ခ်ရိုင်အတွင်းရှိ ထိုင်းအာဏာပိုင်များ အနေဖြင့် ဒုစရိုက်မှု၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါး အန္တရာယ်များကို ကြိုတင် ကာကွယ်သည့် အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီလိုနေရာမျိုးတွေက ဒုစရိုက်မှု၊ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါး သမားတွေ အသုံးချတတ်တဲ့ နေရာမျိုးတွေ ဖြစ်မှာ မျိုးစိုးရိမ်ချက် ရှိတာပေါ့။ တချို့ဆိုလည်း အမှိုက်ပုံကို ခနမီခိုပြီး ဘန်ကောက်နဲ့ တခြားနေရာတွေကို တရားမဝင် လမ်းကြောင်းက တက်သွားတာမျိုးတွေရှိတယ်” ဟု ဦးမိုးကြိုး က ပြောသည်။
မဲ့ပ တိုက်နယ်ရှိ အမှိုက်ပုံကြီးဘေးတွင် တဲထိုးနေထိုင်ကြသည့် မြန်မာနိုင်ငံသား စုစုပေါင်း ၂၀၀ ခန့်ရှိပြီး ၎င်းတို့သည် မဲဆောက်တမြို့လုံးက သုံးစွဲပြီးလာသွန်သည့် အမှိုက်များထဲမှ ရောင်းစား၍ရသော အမှိုက်များကို ကောက်ရောင်းပြီး ရပ်တည်နေကြသူများဖြစ်သည်။

ယခင်ကလည်း အကြိမ်ကြိမ်ဝင်ဖမ်းခဲ့ဖူးသော်လည်း မြဝတီမြို့သို့ ပြန်ပို့ခံရပြီး နောက်တနေ့တွင် အမှိုက်ပုံဆီကို ပြန်ရောက်လာတတ်ကြပြီး ပုံမှန်အတိုင်း အလုပ်လုပ်ကိုင်လေ့ရှိကြသည်။ ထိုင်းရဲတပ်ဖွဲ့ကတော့ တရားဝင် ပတ်စ်ပိုစ့်စာအုပ်ဖြင့် ပြန်ဝင်လာရန် သတိပေးထားသည်။

အဖမ်းခံခဲ့ရသည့် နေရာ ၂ ခုအနက် ထစိုင်လွတ်တိုက်နယ်မှာ မကြာသေးခင်က မြန်မာမိသားစု ၄ လေးဦး တပြိုင်နက်တည်း အသတ်ခံခဲ့ရသည့် ဒေသ ဖြစ်သည်။

ထိုင်းအစိုးရက ၂၀၁၇ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲမှုဥပဒေအရ တရားမဝင် ရွေ့ပြောင်းအလုပ်သမား စိစစ်မှုများကို ၂၀၁၈ ခုနှစ် ဇူလိုင်လမှ စတင်ကာ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဇွန်လကတည်းက ထုတ်ပြန်ကြေညာထားပြီး ဖြစ်သည်။

ယင်းဥပဒေအရ အထောက်အထားမဲ့ အလုပ်သမားများ ဖမ်းဆီးခံရပါက ဒဏ်ငွေ ရိုက်ခံရမည့်အပြင် မိခင်နိုင်ငံသို့ ပြန်လည် ပို့ဆောင် ခံရမည်ဖြစ်ကာ နှစ်နှစ်အတွင်း ထိုင်းနိုင်ငံသို့ တရားဝင် လာရောက် အလုပ်လုပ်ပိုင်ခွင့်ပါ ပိတ်ပင်ခံရမည် ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားအဖြစ် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ လာရောက် လုပ်ကိုင်နေကြပြီး မြန်မာလုပ်သား အများဆုံးဖြစ်ကာ နှစ်နိုင်ငံထုတ်ပြန်ချက်အရ မြန်မာလုပ်သား ၃ သန်းခန့် ရှိသည်ဟု ထုတ်ပြန် ထားသော်လည်း ရွှေ့ပြောင်းလုပ်သားအရေး လုပ်ဆောင်နေသူများကမူ ၄ သန်းခန့် ရှိသည်ဟု ပြောဆိုနေကြသည်။

ဆက်စပ်သတင်း

မဲဆောက်တွင် မြန်မာ မိသားစု ၄ လောင်းပြိုင် အသတ်ခံရ 

မဲဆောက် ၄ လောင်းပြိုင်လူသတ်မှု တရားခံများ မိပြီ

ထိုင်း တရားမဝင် နိုင်ငံခြားသား ရှင်းလင်းမှု မြန်မာ ထောင်ချီ အဖမ်းခံရ

Your Thoughts …
Tags: မဲဆောက်အမှိုက်ပုံ
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

၂၀၁၉ ခုနှစ်တွင် တွေ့ရသော ရွှေကုက္ကိုမြို့သစ်တွင်းရှိ တရုတ်ဆိုင်တဆိုင်  / Bertil Lintner

တရုတ်မြေအောက်လောကနဲ့ သောင်ရင်းမြစ်ဘေးက နယ်စပ်ဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ

by Dominic Faulder
14 January 2023
15k

သောင်ရင်းမြစ် တလျှောက်မှ ရွှေကုက္ကို ယာထိုင်မြို့သစ်ကို ဒေါ်လာ ၁၅ ဘီလီယံတန်သည့် အနာဂတ်၏ စိတ်ကူးစိတ်သန်း ထူးခြားသော မြို့တမြို့ဖြစ်သည်ဟု ထင်ကြသည်။

ကျားဖြန့်နှိမ်နင်းရေး ကြာရှည်ပါက နယ်စပ်ကုန်သွယ်ရေး ထိခိုက်နိုင်

ကျားဖြန့်နှိမ်နင်းရေး ကြာရှည်ပါက နယ်စပ်ကုန်သွယ်ရေး ထိခိုက်နိုင်

by ပပ
27 February 2025
2.3k

ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းလာနိုင်သည်ဟု ထိုင်းစီးပွား ရေးလုပ်ငန်းရှင်များက ခန့်မှန်းထားကြ

မဲဆောက်ရောက် မြန်မာဒုက္ခသည်များထံ သွားလည်ခြင်း

မဲဆောက်ရောက် မြန်မာဒုက္ခသည်များထံ သွားလည်ခြင်း

by Kenneth Wong
24 January 2024
2k

ထိုင်းနိုင်ငံ၏ အစိတ်အပိုင်း ဖြစ်သော်လည်း မဲဆောက်သည် မြန်မာစရိုက်လက္ခဏာရှိကြောင်း စာရေးသူကို ပြသလိုက်သည်။

မြဝတီမြို့

မြဝတီမြို့

by ဧရာဝတီ
22 February 2025
1.9k

မြဝတီမြို့ဟာ နယ်စပ်မြို့ ဖြစ်လို့ ထိုင်း နဲ့ ကူးသန်း ရောင်းဝယ်ရေး အလုပ် များစွာလည်း လုပ်ကြပါတယ်။ လက်ရှိမှာ မြဝတီ ကုန်သွယ်ရေးဇုန်လည်း ဖွင့်လှစ်ထားပါတယ်။

ထိုင်း ကျားဖြန့်နှိမ်နင်းရေး မဲဆောက်ရှိ မြန်မာတို့ပါ ရိုက်ခတ်

ထိုင်း ကျားဖြန့်နှိမ်နင်းရေး မဲဆောက်ရှိ မြန်မာတို့ပါ ရိုက်ခတ်

by စောလွင်
24 January 2025
1.2k

အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များ နှိမ်နင်းသွားမည့် ထိုင်းအစိုးရ၏ ကွာလန်းစီမံချက် (တရားမဝင် နေထိုင်သည့် နိုင်ငံခြားသားများအား ရှာဖွေဖမ်းဆီးရှင်းလင်းရေး) အတွင်း မဲဆောက်မှ အထောက်အထားရှိ မြန်မာများပါ ဖမ်းဆီးခံရမှု ရှိနေကြောင်း သိရသည်။

မျှော်လင့်ချက်တွေကို တည်ဆောက်နေကြတဲ့ မဲဆောက်က မြန်မာဒုက္ခသည်တွေ

မျှော်လင့်ချက်တွေကို တည်ဆောက်နေကြတဲ့ မဲဆောက်က မြန်မာဒုက္ခသည်တွေ

by Paul Greening
29 December 2023
1.2k

ထူးခြားချက်မှာ အချို့သော အဖွဲ့အစည်းများသည် နိုင်ငံတကာ ရန်ပုံငွေကို မှီခိုခြင်းမရှိဘဲ မြန်မာနိုင်ငံမှ ပြည်တွင်းနေရပ်စွန့်ခွာသူ (IDP) များကို ကူညီထောက်ပံ့လျက်ရှိခြင်း ဖြစ်သည်။

Next Post
ဧမြဇေယျာချောင်မှ နှင်ထုတ်ခံရသည့် သီလရှင် သီတင်းသုံးနိုင်ရေး အခက်အခဲ ဖြစ်နေ

ဧမြဇေယျာချောင်မှ နှင်ထုတ်ခံရသည့် သီလရှင် သီတင်းသုံးနိုင်ရေး အခက်အခဲ ဖြစ်နေ

မိသားစုတွေအတူ ကြည့်ရှုသင့်တဲ့ ဇာတ်ကားများ

မိသားစုတွေအတူ ကြည့်ဖြစ်အောင် ကြည့်ရှုသင့်တဲ့ ဇာတ်ကားများ

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
3.9k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate