• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ နမ့်လန်နှင့် သီပေါ အကြားတွင် တိုက်ပွဲဖြစ်

by ချစ်မင်းထွန်း
16 January 2019
in သတင်းတို
A A
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် SSPP တပ်ဖွဲ့ဝင်များ  / ကျော်ခ / ဧရာဝတီ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် SSPP တပ်ဖွဲ့ဝင်များ / ကျော်ခ / ဧရာဝတီ

15k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ် မြောက်ပိုင်းက နမ့်လန်-သီပေါကားလမ်း အနောက်ဘက်ခြမ်းတွင် ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ ယနေ့ မနက် ၇ နာရီက စတင်ပြီး တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။

နမ့်လန်-သီပေါကားလမ်း အနောက်ဘက်ခြမ်းရှိ လွယ်မောက် ကုန်းဆော့ ကျေးရွာအနီးမှာ RCSS ဘက်က အင်အား ၂၀၀ ဝန်းကျင်ဖြင့် လာရောက် ပစ်ခတ်ခဲ့ခြင်းကြောင့် ၂ ဖက် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု SSPP/SSA မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းဖုန်းဟန်က ဧရာဝတီသို့ ပြောသည်။

RelatedPosts

မြို့ ၅ မြို့  ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

16 May 2025
1k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
1.9k
ငလျင်ဗဟိုချက်ရွာအချို့ သောက်သုံးရေအပါ အကူအညီများ လိုအပ်နေဆဲ

ငလျင်ဗဟိုချက်ရွာအချို့ သောက်သုံးရေအပါ အကူအညီများ လိုအပ်နေဆဲ

8 May 2025
457

ဗိုလ်မှူး စိုင်းဖုန်းဟန် က “နမ့်လန်-သီပေါကားလမ်း အနောက်ဖက်ခြမ်း လွယ် မောက် ကုန်းဆော့ရွာနားလေးမှာဖြစ်တာ။ RCSS လာပစ် တယ်လို့ ဒီလောက်ပဲ သိရသေးတယ်” ဟု ပြောသည်။

RCSS ဘက်မှ စဝ်စံခေး ဦးစီးသည့် အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကြောင်းနှင့် SSPP ဘက်မှ စဝ်စိုင်းဆိုင် ဦးဆောင်သည့် စစ်ကြောင်းတို့ အကြား ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယနေ့ နံနက် ၇ နာရီမှ ၁၁ နာရီအထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရပြီး ယင်းအချိန်အထိ တိုက်ပွဲကြောင့် လူထု ထိခိုက်ခြင်းမရှိသေးဟုဆိုသည်။

သီပေါမဲဆန္ဒနယ်မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင် က “မြေပြင် သတင်းတွေအရတော့ တိုက်ပွဲဖြစ်နေတယ်လို့ ကြားရတယ်၊ ထိပ်တိုက် ရင်ဆိုင် ဆိုင်မှု ဟုတ်လား မဟုတ်လား မသိဘူး၊ သူတို့တွေ အဲနားမှာ လှုပ်ရှားနေတာတွေတော့ ရှိတယ်၊ တခါတလေ လက်နက်ကြီးတွေ ပစ်နေတာ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယနေ့ တိုက်ပွဲ အနေအခြေနှင့် ပတ်သက်ပြီး RCSS/SSA မှ ပြောခွင့်ရ ပုဂ္ဂိုလ်များထံ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော်လည်း မရရှိသဖြင့် RCSS အဖွဲ့ဘက်မှ အတည်ပြုချက်ကို ရယူနိုင်ခြင်း မရှိခဲ့ပါ။

RCSS နှင့် SSPP တို့  ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလဆန်းပိုင်းက သီပေါမြို့နယ်၊ နားမခေါ် ကျေးရွာ အနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် အနီးအနားရှိ ပန်လုံ၊ ဟိုနား၊ နားလုံ၊ ကြတ်ဖွန်၊ ဆွန်ကြဲ၊ ပန်ဟုန် စသည့် ကျေးရွာများမှ ဒေသခံ ၆၀၀ ကျော် နားမခေါ် ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြပြီး အနွေးထည်၊ စောင်၊ စားနပ်ရိက္ခာများ လိုအပ်နေကြောင်း သိရသည်။

ထို့ကြောင့် RCSS နှင့် SSPP ကြား ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်နိုင်ရေး ရှမ်းလူထု အပါအဝင် ရှမ်းလူမှု အခြေပြု အဖွဲ့အစည်းများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ရှမ်းနိုင်ငံရေးပါတီများက ခေါင်းဆောင်များ တွေ့ဆုံ ညှိနှိုင်း၍ အဖြေရှာကြရန် တောင်းဆိုလျက်ရှိသည်။

ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင် က “တိုက်ပွဲဖြစ်ရင်တော့ ဒေသခံ ပြည်သူတွေ ဒုက္ခရောက်တယ်၊ အခုက သီးနှံသိမ်းချိန်လည်း ဖြစ်တယ်၊ သူတို့ အချင်းချင်း ညှိနှိုင်းဆောင် ရွက်ရင် အကောင်းဆုံးပေါ့” ဟု ပြောသည်။

RCSS အဖွဲ့သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသော အဖွဲ့ဖြစ်ပြီး SSPP အဖွဲ့သည် အစိုးရနှင့် အပစ်ရပ်ရေး ဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

Your Thoughts …
Tags: RCSSSSPPတိုက်ပွဲ
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.6k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

ငါရတာ ငါယူမယ်ဆိုတဲ့ဘက် ယိမ်းသွားရင် ပြဿနာက ဖြစ်မှာပဲ

ငါရတာ ငါယူမယ်ဆိုတဲ့ဘက် ယိမ်းသွားရင် ပြဿနာက ဖြစ်မှာပဲ

by ဧရာဝတီ
19 July 2024
16.6k

တကယ်လို့ ကိုယ်သိမ်းပိုက်ထားတဲ့နယ်မြေထဲက ရှမ်းတင် မကပါဘူး၊ ကချင်လည်း ပါမယ်၊ တိုင်းရင်းသားပေါင်းစုံလူထုက TNLA သိမ်းတာကို သဘောတူညီတယ်ဆိုလို့ရှိရင် ဒါဟာအလိုလို တရားဝင်မှုဖြစ်သွားမှာပဲ။ ဒါကို နေပြည်တော်တင် မကဘူး၊ ဘယ်အဖွဲ့အစည်းမှ ဆန့်ကျင်လို့မရပါဘူး

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း  ၃

သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း ၃

by ကိုဦး
16 July 2024
13.7k

သံလွင်အနောက်ခြမ်းသို့ ဝင်ရောက်လာသော UWSA ၏ ပါးနပ်မှုမှာ သုံးကြိမ်လုံးတွင် မဟာမိတ်ဖြစ်သူ SSPP နှင့် ပူးပေါင်း၍ ဝင်ရောက်ခြင်း ဖြစ်သည်ကို တွေ့ရ၏။

Next Post
Choul Chnam Thmey လို့ခေါ်တဲ့ Khmer နှစ်သစ်ကူးပွဲတော်ကျင်းပနေစဉ်

ကမ္ဘောဒီးယားနိုင်ငံက ထင်ရှားတဲ့ပွဲတော်များ

ခန္ဓာကိုယ်ဟာ လိုအပ်တဲ့ ကိုယ်လက်လှုပ်ရှားမှုမရှိရင်လည်း ဝိတ်တက်လာစေနိုင်ပါတယ်

အမျိုးသမီးတွေ အသက် ၄၀ ကျော်အရွယ်မှာ ဝိတ်တက်လာရခြင်း အကြောင်းရင်းများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate