သတင်းတို

ထိုင်းရဲ အချုပ်မှ မြန်မာတဦး ထွက်ပြေးလွတ်မြောက်

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ ဆွန်ခလာပြည်နယ် ဘန်ကလမ်ခရိုင်ရှိ ရဲစခန်း၌ လူကုန်ကူးသည်ဟု သံသယရှိ၍ ဖမ်းဆီး ထားသော မြန်မာ နိုင်ငံသား တဦး ယနေ့ ရဲအချုပ်မှ ထွက်ပြေးလွတ်မြောက်သွားကြောင်း Bangkok Post သတင်းကဆိုသည်။

ထွက်ပြေးလွတ်မြောက်သွားသူမှာ အသက် ၂၇နှစ် ဇော်ဝင်းဟု သိရပြီး ရဲစခန်းမှ CCTV ကင်မရာများ ကို ပြန်လည်စစ်ဆေး ရာ ၎င်းမှာ အချုပ်ခန်းရှေ့ ရဲတဦးမှ မရှိခိုက် ည ၁၂: ၃၀ နာရီခန့်တွင် ရဲစခန်း အပြင်ဘက်သို့ လမ်းလျှောက်၍ လွတ်မြောက် သွားခြင်း ဖြစ်ကြောင်းသိရသည်။

၎င်းကို လက်ထိပ်ခတ် ထားသော်လည်း အချုပ်ခန်းတံခါးကို ၎င်းဘာသာဖွင့်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထိုအချိန်က ရဲတပ်ဖွဲ့ ဝင်များသည် နောက်တနေ့နံနက်တွင် ရုံးထုတ်စစ်ဆေးမည့် အခြားသံသယ ရှိသူများကို ချုပ်ရက်တိုးမြှင့်ရေးအတွက် တက်သုတ်ရိုက် စိစစ်နေချိန်ဖြစ်ကြောင်း ဆိုသည်။

ထွက်ပြေးလွတ်မြောက်သွားသော မြန်မာအမျိုးသားမှာ ဇန်နဝါရီလ ၁ ရက်က ဘန်ကလမ်ခရိုင်၊ သချောင်မြို တောအုပ် ထဲတွင် ဘင်္ဂ ါလီ နှင့်မြန်မာနိုင်ငံမှ တရားမဝင်လုပ်သား ၁၄ ဦးတို့ကို ထိုင်း အာဏာပိုင်များက တွေ့ရှိပြီးနောက် လူကုန်ကူးမှု ဖြင့် စပ်လျဉ်း၍ ၎င်းအား ဖမ်းဆီးကာ ဗုဒ္ဓဟူးနေ့ ညနေက ဘန်ကောက်မှ အဆိုပါရဲစခန်းသို့ ပို့ဆောင်ခံရခြင်းဖြစ်သည်။

ဇော်ဝင်းသည် အရပ် ၁၆၅ စင်တီမီတာ မြင့်ပြီး ထိုင်းစကားပြောဆိုတတ်ကာ လမ်းလျှောက်လျှင် ထော့နင်းထော့နင်း ဖြစ်တတ်၍ အပြာရောင်အစင်းပါ တီရှပ်၊ အနက်ရောင်ဂျင်းအထည် ဝတ်ဆင် ထားပြီး အနက်ရောင် ဦးထုပ်ဆောင်းထားကြောင်း ရဲထုတ်ပြန်ချက်တွင် ပါရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading