သတင်းတို

အခြေခံ ဥပဒေ ပြင်ဆင်ရန် ပူးပေါင်းကော်မတီ ဖွဲ့စည်းရေးအဆို မဲခွဲ အတည်ပြုလိုက်ပြီ

Want create site? Find Free WordPress Themes and plugins.

၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ဆောလျင်စွာ ပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်း ကော်မတီတခု ဖွဲ့ စည်းနိုင်ရေး ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို မဲခွဲ ဆုံးဖြတ်ပြီးနောက် အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

မကွေးတိုင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်၏ အဆိုပြုတင်ပြချက်ကို လွှတ်တော်ကိုယ်စားလှယ် အ များစုက ထောက်ခံခဲ့သဖြင့် ပြည်ထောင်စု လွှတ်တော်က ယခု အဆိုကို အတည်ပြုသင့်ကြောင်း လွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်က ပြောသည်။

ယခုအဆိုနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က “အခုအဆိုကို ထောက်ခံတာတွေ၊ ကန့်ကွက်တာ တွေ အမျိုးမျိုးရှိတာကို တွေ့ရပါတယ်။ အဲဒါကြောင့် ဦးအောင်ကြည်ညွှန့်ရဲ့ အဆိုကို စက်ခလုတ်နှိပ် အသုံးပြုမှာ ဖြစ်ပါတယ်”ဟု လွှတ်တော်တွင် ပြောသည်။

စက်ခလုတ်နှိပ်၍ မဲခွဲဆုံးဖြတ်ရာတွင် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၆၂၁ ဦးတွင် ထောက်ခံသူ ၄၁၄ ဦး၊ ကန့်ကွက်သူ ၁၉၁ ဦး၊ ကြား နေသူ ၆ ဦးရှိကြောင်း သိရသည်။

အရေးကြီးအဆိုကို ထောက်ခံသူ များသဖြင့် လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ပြီး ပူးပေါင်း ကော်မတီ ဖွဲ့ စည်းရေးကို ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့တွင် ရှိသည့် ပါတီ အဖွဲ့ အစည်းများ၊ တပ်မတော်သား အစုအဖွဲ့ အသီးသီးက ကိုယ်စားလှယ် အချိုးအစားအလိုက် ပါဝင်ခွင့် ပြုမည် ဖြစ်ကြောင်း လွှတ်တော် နာယက ဖြစ်သူ ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

ထို့သို့ ပူပေါင်းကော်မတီ ဖွဲ့ စည်းရေးနှင့် ပတ်သက်၍ သက်ဆိုင်သူများကို လွှတ်တော် နာယကဖြစ်သူ ဦးတီခွန်မြတ်က သင့်လျော် သည့် အချိန်တွင် ခေါ်ယူဆွေးနွေးမည် ဖြစ်ကြောင်းလည်း သိရသည်။

မနေ့က ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့ စည်းပုံ ပြင်ဆင်ရာတွင် ပူးပေါင်းကော်မတီ ဖွဲ့ စည်းနိုင်ရေး ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီး အဆိုကို အာဏာရ NLD ပါတီ၊ အတိုက်အခံ ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ အကြား အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီး တပ်မတော် ကမူ ဝင်ရောက်ဆွေးနွေးမှု မပြုခဲ့ပါ။

တပ်မတော်က ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးအတွက် ကော်မတီအရင် မဖွဲ့ ဘဲ မည်သည့်အချက်များကို ပြင်ဆင်လိုကြောင်း ဥပဒေ ကြမ်း တခု အရင်တင်ပြီးမှသာ ကော်မတီ၊ ကော်မရှင်များကို ဖွဲ့ စည်းရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။

လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း ရှိသဖြင့် တပ်မတော်သည် ကိုယ်စားလှယ် အရည်အတွက် ဒုတိယ အများဆုံး ရရှိထားသည့် အဖွဲ့ အစည်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading