နိုင်ငံရပ်ခြားသို့ သွားရောက်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား အရေအတွက်မှာ ၅ သန်းရှိပြီဟု နိုင်ငံပိုင် Global New Light of Myanmar က ဗုဒ္ဓဟူးနေ့တွင် သတင်းဖော်ပြသည်။
၎င်းတို့အနက် ၃ သန်းဝန်းကျင်မှာ ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့် လူငယ်ပိုင်းလုပ်သားများဖြစ်သော်လည်း အများစုမှာ လုပ်ခလစာနည်းပါးသော ကာယလုပ်သားများဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောသည်။
ကျန်ရှိသောလုပ်သားများသည် မလေးရှား၊ စင်ကာပူ၊ တရုတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)၊ ကာတာနှင့် အခြားအာရှ၊ ဥရောပတိုင်းပြည်များကို ရွေးချယ်သွားရောက်ကြသည်။