မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း၊ တွင်းထုတ်တူးဖော်သည့်ဒေသတွင် မြေစာပုံပြိုကျမှုတခုဖြစ်ပွားခဲ့ရာ လူ ၆ ဦးသေဆုံးပြီး တဦးဒဏ်ရာရခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါ မြေစာပုံပြိုကျမှုမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကျေးရွာတရွာအနီးရှိ ကျောက်စိမ်းတွင်းတတွင်း၌ ဖြစ်ပွားခဲ့သည်။ ၃၀ ဒသမ ၅ မီတာအမြင့်ရှိ မြေစာပုံပြိုကျခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူ ၆ ဦးသေဆုံးပြီး တဦးဒဏ်ရာရခဲ့သည်။
ရေမဆေးကျောက်ရှာဖွေနေသူများ၏ ရုပ်အလောင်းများကို ထိုနေ့ ညနေပိုင်းတွင် ပြန်လည်ရှာဖွေနိုင်ခဲ့ပြီး ဒဏ်ရာရသူတဦးကို ဖားကန့်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့သည်။
ဒေသဆိုင်ရာအာဏာပိုင်များက အဆိုပါမြေစာပုံပြိုကျမှုကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
ကျောက်စိမ်းတွင်းမတော်တဆမှုများသည် ဖားကန့်ဒေသတွင် မကြာခဏဖြစ်ပွားတတ်ပြီး ဖြစ်စဉ်အများစုမှာလည်း မြေစာပုံပြိုကျမှုများဖြစ်ကြသည်။
အဆိုပါဒေသတွင် တရားမဝင် ရေမဆေးကျောက် ရှာဖွေခြင်း အလုပ်ဖြင့် အသက်မွေးကြသူ အများအပြားရှိသည်။
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလက ယင်းဒေသ၌ မြေစာပုံပြိုကျမှု အကြီးအကျယ်ဖြစ်ပွားခဲ့ရာ ရေမဆေးကျောက်ရှာသူ အနည်းဆုံး ၁၁၆ ဦးသေဆုံးပြီး ၁၀၀ ဦး ခန့် ပျောက်ဆုံးခဲ့သည်။