သတင်းတို

မော်လမြိုင်ဆေးရုံ၌ အလောင်းထုတ်လျှင် ငွေပေးရသည့် ကိစ္စ လွှတ်တော်တွင် ထပ်မံ မေးမြန်း

Want create site? Find Free WordPress Themes and plugins.

မော်လမြိုင် ပြည်သူ့ ဆေးရုံကြီး၌ အကြောင်း အမျိုးမျိုးကြောင့် သေဆုံးခဲ့သည့် အလောင်းများကို ထုတ်ယူရာ၌ ငွေပေး နေရမှုများ ရှိနေ သဖြင့် ကြပ်မတ်ပေးရန် ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က ပြောသည်။

ဖေဖော်ဝါရီ ၂၂ ရက်က ကျင်းပသော ဒုတိယ အကြိမ် မွန်ပြည်နယ် လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်း အဝေး (တတိယနေ့) တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်သူ့ ဆေးရုံကြီးနှင့် တကွ အခြားသော မြို့များရှိ ဆေးရုံ များ၌ ဆေးရုံ ဝန်ဆောင်မှု ပေးနေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ကဏ္ဍ အလိုက် ပွင့်လင်းမြင်သာစွာ ချပြပေးခြင်း၊ Social Media များမှ တဆင့် ထုတ်ပြန် ပေးသွားရန် အစီအစဉ် ရှိမရှိ မေးခွန်းနှင့် တဆက်စပ်တည်း အထက်ပါ ကိစ္စ အား ထည့်သွင်း ပြော ဆိုခြင်း ဖြစ်သည်။

ယခုကဲ့သို့ မော်လမြိုင် ဆေးရုံ ရင်ခွဲရုံမှ အလောင်းထုတ်ယူမှုတွင် ငွေပေးနေရမှုအား ကြပ်မတ်ပေးရန် ပြည်နယ် လွှတ် တော် ကိုယ်စားလှယ်များက မွန်ပြည်နယ် လွှတ်တော်ထံ မေးခွန်း မေးမြန်းမှုမှာ ဒုတိယ အကြိမ်မြောက် မေးမြန်းခဲ့ခြင်း လည်း ဖြစ်သည်။

ဦးထွန်းမင်းအောင်က“ပြီးခဲ့တဲ့ ဇန်နဝါရီက ဖြစ်သွားတဲ့ ဥတ္တံတားရွာက ဒေသခံ တဦး ဆိုင်ကယ် မတော်တဆမှု တခု မှာ ဆေးရုံကို ညဘက် လာတက်တယ်။မိုးလင်းတော့ ဆုံးသွားတယ်။ အလောင်းကို သယ်သွားမယ့် ကိစ္စမှာ ၁ သိန်း ၃ သောင်း ပေးလိုက် ရတယ်။ အဲဒီမှာ ပွဲစားတွေ ရှိနေတယ်”ဟု ဆိုသည်။

မွန်ပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာ ထိန်လင်းက လွှတ်တော် ကိုယ်စားလှယ် မေးမြန်းသည့် မော်လမြိုင်မြို့ ပြည်သူ့ ဆေးရုံကြီးနှင့် တကွ အခြားသော မြို့များရှိ ဆေးရုံများတွင် ရရှိနိုင်သော အခမဲ့ ဆေးဝါး အမျိုးအမည်နှင့် အရေအတွက် တို့ကို ဖော်ပြထားခြင်း၊ အခမဲ့ စစ်ဆေးပေးနိုင်သည့် ဓာတ်ခွဲ အမျိုးအစားများအား ဖော်ပြထားခြင်း ရှိသော်လည်း ဆေးရုံ တိုင်းတွင်တော့ ပွင့်လင်း မြင်သာစွာ မဖော်ပြထားသည့် ဆေးရုံများလည်း ရှိသေးကြောင်း တို့ကို ပြန်လည် ဖြေကြား သွားသည်။

သို့သော် မော်လမြိုင် ဆေးရုံ၌ အလောင်းထုတ်ယူရာတွင် ငွေကြေး ပေးဆောင်နေရသည့် ကိစ္စကိုမူ ဖြေကြားခြင်း မရှိပေ။

၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၂ ရက်က ကျင်းပသည့် ဒုတိယ အကြိမ် မွန်ပြည်နယ် လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် လည်း ချောင်းဆုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြက အကြောင်း အမျိုးမျိုးကြောင့် သေဆုံးသူများ၏ အလောင်းကို ထုတ်ယူရာတွင် အလှူငွေ ထည့်မှသာ အလောင်း ထုတ်ယူခွင့် ရှိပါ သလားဟု မေးခွန်း ထုတ်ခဲ့ဖူးသည်။

ဆက်စပ် ဖတ်ရှုရန် – မော်လမြိုင် ဆေးရုံ အလောင်းထုတ်ယူမှု လွှတ်တော်တွင်း အငြင်းပွား

Did you find apk for android? You can find new Free Android Games and apps.
Loading