သတင်းတို

တနင်္သာရီတိုင်း သယံဇာတ ဝန်ကြီးကို ခေတ္တ ဝန်ကြီးချုပ် တာဝန်ပေးအပ်

Want create site? Find Free WordPress Themes and plugins.

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူခံထားရသော တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် နေရာ တွင် တိုင်းအစိုးရ အဖွဲ့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင်ကို ခေတ္တ ဝန်ကြီးချုပ် အဖြစ် တာဝန် ပေးအပ်လိုက်ကြောင်း သိရသည်။

တနင်္သာရီ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ် တာဝန်မှ ရပ်စဲကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က မတ်လ ၁၁ ရက်တွင် လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့သည်။

ထိုနေ့တွင်ပင် တနင်္သာရီ တိုင်းဝန်ကြီးချုပ်၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရ အဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင်အား ခေတ္တ ဝန်ကြီးချုပ် တာဝန်ကို ပူးတွဲ ပေးအပ် ကြောင်း ညွှန်ကြားစာ ပေးပို့ခဲ့သည်ဟု တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဧရာဝတီကို အတည်ပြု ပြောသည်။

“ခေတ္တ ဝန်ကြီးချုပ် ဦးမြင့်မောင် သယံဇာတ ဝန်ကြီးကို ခန့်ထားတယ်။ ညွှန်ကြားစာ မနေ့က ဝင်တာပါ”ဟု ၎င်းက ဆို သည်။

ဆက်လက်၍ ၎င်းက တနင်္သာရီတိုင်း လွှတ်တော် ပုံမှန် အစည်းအဝေးကို ဧပြီ ၈ ရက်မှ ၁၀ ရက် အထိ ကျင်းပရန် စီစဉ် ထားသော်လည်း ဝန်ကြီးချုပ် အပြောင်းအလဲ ဖြစ်ပေါ်မှုကြောင့် အရေးပေါ် အစည်းအဝေး ခေါ်ယူမှု ရှိလာမည်ဟု ပြော သည်။

တိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက“အခုကတော့ သမ္မတကြီးရဲ့ ဝန်ကြီးချုပ် အမည်စာရင်းရယ်၊ သူ့နေရာမှာ အစား ထိုးတဲ့ အမည်စာရင်းရယ်တော့ စောင့်နေတယ်။ အဲဒါတွေ ရလာပြီးရင်တော့ အမြန်ဆုံး အရေးပေါ် အစည်းအဝေး လုပ်ပြီးတော့ အပ်နှင်းတာတွေ လုပ်ရမှာပေါ့နော်”ဟု ရှင်းပြသည်။

ဝန်ကြီး ဦးမြင့်မောင်သည် တနင်္သာရီတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အတွင်းရေးမှူး ဖြစ်ပြီး ၂၀၁၅ ရွေး ကောက်ပွဲတွင် ကော့သောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ် ခံရသူ ဖြစ်သည်။

ခေတ္တ ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခံရသည့် ဝန်ကြီး ဦးမြင့်မောင်သည် တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဖြစ်လာရန် အလား အလာများသည် ဟုလည်း တိုင်းလွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုသည်။

ဘုတ်ပြင်း မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းက“သူကတော့ အေးအေးဆေးဆေး ပါပဲ။ အစစ အရာရာမှာ ဆင်ဆင်ခြင်ခြင်နဲ့ ပြောဆိုတဲ့သူ ဖြစ်ပါတယ်။ အဆင်ပြေပါတယ်။ ကျနော်တို့က လက်ခံပါတယ်”ဟု ပြောသည်။

တိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးကလည်း“သူတော့ ရိုးရိုးသားသား အေးအေးဆေးဆေး ဖြစ်တယ်။ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အကုန်လုံး ရင်းရင်းနှီးနှီး ရှိတဲ့သူ တယောက် ဆိုတော့လည်း သူ့ကို ခန့်အပ်လိုက်ရင် နည်းနည်း ပို ကောင်းသွားမယ် ထင်ပါတယ်။ လုပ်ရည်ကိုင်ရည် ကလည်း မဆိုးပါဘူး။ တော်တော်လေး သူက လုပ်ပေးပါတယ်”ဟု မှတ် ချက်ပြုသည်။

ဝန်ကြီး ဦးမြင့်မောင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီ ခရီးစဉ် အတွင်း လမ်း ညွှန် မှာကြားချက်များ အနက် ကော့သောင်း ခရိုင်နှင့် သက်ဆိုင်သည့် လမ်းညွှန်ချက် ဆောင်ရွက်ပြီးစီးမှု အခြေအနေ များနှင့် ပတ်သက်၍ မတ်လ ၁၁ ရက်က ကော့သောင်းတွင် ပြုလုပ်သော ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ပြီး ယနေ့ နေ့လယ် ပိုင်းတွင် ထားဝယ်သို့ ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

တနင်္သာရီ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅၊ GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံ တို့အား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅/၆၃ တို့ ဖြင့် သီးခြား ပြစ်မှုများ အတွက် သီးခြား စွဲချက်များဖြင့် အမှု(၄)မှု ခွဲ၍ အရေးယူ ဆောင်ရွက်ရန် ထားဝယ်မြို့မ ရဲစခန်း၌ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ စစ်ဆေးရေးမှူး ဦးသန်းဇော်ဦးက တရားလိုပြုလုပ်၍ မတ်လ ၁၀ ရက်နေ့က အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading