သတင်းတို

မန္တလေးတွင် ရိုးရာ သြင်္ကန်ပွဲတော်နှင့် ယိမ်းအက ပြိုင်ပွဲ ကျင်းပမည်

မန္တလေးမြို့တွင် သြင်္ကန် ယိမ်းအက အလှပြိုင်ပွဲကို ဧပြီ ၆ ရက်၊ ၇ ရက်နေ့ တို့၌ ကျင်းပ သွားမည် ဖြစ်ကြောင်း ပွဲစီစဉ် သော နယူးစတားလိုက် ဂရု ကုမ္ပဏီမှ မန်နေဂျာ ဒေါ်ဇင်မာက ပြောသည်။

အဆိုပါ ပြိုင်ပွဲကို မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်ရှိ မင်္ဂလာ မန္တလေး ဈေးဝယ် စင်တာတွင် နံနက် ၉ နာရီမှ ည ၉ နာရီ အထိ နှစ်ရက်တိုင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ယိမ်းအက အလှ ပြိုင်ပွဲ အတွက် သတ်မှတ် ဆုကြေးများမှာ ပညာရှင် အဆင့် ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ၁၀ သိန်း၊ တတိယဆု ၈ သိန်းနှင့် ဝါသနာရှင် အဆင့် ပထမဆု ၁၀ သိန်း၊ ဒုတိယဆု ၈ သိန်း၊ တတိယဆု ၅ သိန်း ချီးမြှင့် သွားမည် ဖြစ်ကြောင်း ဒေါ်ဇင်မာက ဆိုသည်။

ယင်းပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင် လျှောက်လွှာများကို ယခုလကုန် နောက်ဆုံးထား ထုတ်ယူနိုင်ပြီး ပြိုင်ပွဲဝင် အဖွဲ့ပေါင်း ၂၅ ဖွဲ့ အထိ လက်ခံရန် လျာထားကြောင်း ၎င်းက ပြောသည်။

မင်္ဂလာ မန္တလေး ဈေးဝယ်စင်တာတွင် နှစ်စဉ် ရိုးရာ သြင်္ကန်ပွဲတော်များ ကျင်းပခဲ့ပြီး ယခုနှစ်သည် ပဉ္စမအကြိမ် ကျင်းပ ခြင်း ဖြစ်ကြောင်း သိရသည်။

Loading