ချင်းပြည်နယ် မတူပီမြို့ မတူပီခရိုင် အုပ်ချုပ်ရေးမုှူရုံး တည်ဆောက်မည့် မြေနေရာနှင့်ပတ်သက်ပြီး ရွာ ၁၉ ရွာမှ ကိုယ်စားပြု ပြည်သူ အင်အား ၁၅၀၀ ကျော်က ဧပြီ ၁၈ ရက်တွင် ဒုတိယ အကြိမ် ထပ်မံ၍ စီတန်းလှည့်လည် ဆန္ဒ ထုတ်ဖော် ကြသည်။
မတူပီခရိုင် အုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်ရန်နှင့် ပတ်သက်ပြီး ပြည်သူ့လွတ်တော်၊ အမျိုသားလွှတ်တော်၊ ဌာနဆိုင်ရာ များ၊ စည်ပင်ကော်မတီ၊ မြို့မိမြို့ဖ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ လူမူအဖွဲ့အစည်းများ၊ လူငယ် အဖွဲ့အစည်းများ၏ ဆုံးဖြတ်ချက်များနှင့်အညီ အဆင့်ဆင့် တင်ပြခြင်းများကို ပြည်နယ် အစိုးရအဖွဲ့က လျစ်လျူရှု ထား ခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်းတို့ကြောင့် ဒေသခံပြည်သူများက ပထမအကြိမ် ဆန္ဒထုတ်ဖော်ခြင်းကို အရေးယူ ဂရု မပြု၍ ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်ကြခြင်း ဖြစ်ကြောင်း သိရသည်။
“ခရိုင်က ချပေးတဲ့ လုပ်ငန်းတွေရှိတယ်။ ဒါတွေ လုပ်ဆောင်တဲ့အခါမှာ အရင်က မင်းတပ်ခရိုင် ရုံးကို သွားရတော့ အရမ်း ဝေးပြီး မိုးရွာရင် အရမ်းခက်ခဲတယ်။ နောက် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ခရိုင်ရှိမှ အဆင်ပြေ တာ လေ။ လမ်းပန်း ဆက်သွယ်ရေးက အရမ်းခက်ခဲတယ်။ အစိုးရ ချပေးတဲ့နေရာက မြို့စည်ပင်ဧရိယာ ပြင်ပ ဖြစ်သည့် ဖနိုင်နဲ့ ငလိုင် ၂ ရွာကြားမှာပါ။ မြို့နဲ့ဆို ၁၂ မိုင်ကနေ ၁၅ မိုင်လောက်အထိ ဝေးတယ်”ဟု မတူပီ ဒေသခံ ကိုဆလိုင်း သားမိုက် က ဧရာဝတီသို့ ပြောကြားသည်။
သို့သော် မတူပီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းကလည်း ၎င်းဒေသခံများ တောင်းဆိုသည့် မြေနေရာသည် မြောသား ခိုင်မာမှု မရှိကြောင်းနှင့် မြို့နှင့်လည်း လွန်စွာ မဝေးကွာလွန်းကြောင်း ပြန်လည် ရှင်းပြခဲ့သည်။
“၁၂ မိုင်လောက် မဝေးပါဘူး။ ၆မိုင်နဲ့ ၆ဖာလုံဝေးပါတယ်။ လက်ရှိသတ်မှတ်တဲ့နေရာက မတူပီ၊ ဟားခါးလမ်း မဖြစ်ပါ တယ်။နေပြည်တော် အိုးအိမ်မြေတိုင်း ဦးစီးဌာနကနေ ဦးစီးပြီးတော့မှ မြေသားခိုင်မာမှု အခြေအနေ နယ်မြေ အခြေ အနေ ပေါ် မူတည်ြ့ပီး ရွေးခဲ့တာဖြစ်ပါတယ်။ ချင်းပြည်နယ်က တောင်တန်းတွေဖြစ်တဲ့ အတွက် ကျယ်ပြန့်တဲ့ မြေနေရာ ရှားပါတယ်။ ကျနော်တို့ ချထားပေးတဲ့နေရာက မြေသားခိုင်မာမှုကောင်းတယ်။ ကျယ်ပြန့်တယ်။ သူတို့တင်ပြတဲ့ မြေ နေရာက မြေသားခိုင်မာမှုမရှိဘူး။ မြေသားမတ်စောက်တာတွေရှိတဲ့အတွက် ဖြစ်တယ်”ဟု ၎င်းက ဆက်ပြောသည်။
သို့သော်လည်း မြေနေရာနှင့်ပတ်သက်၍ မတူပီဒေသခံ လူထုနှင့် အစိုးရကြား ပွင့်လင်းမြင်သာမှု ရှိရေးကို အလိုရှိ ကြောင်း၊ မတူပီခရိုင်ရုံးကိစ္စနှင့် ပတ်သက်၍ မျိုးနွယ်စုအတွင်း အချင်းချင်းရန်လို မုန်းတီးမှုများ မရှိစေလိုကြောင်း၊ ပြည်သူ့အသံ၊ လွှတ်တော် အသံနှင့်အညီ ချင်းပြည်နယ် အစိုးရဘက်က ဆောင်ရွက် ပေးစေလိုကြောင်း၊ ဗျူရိုကရက် ဆန်သော အုပ်ချုပ်ရေးစနစ် အလိုမရှိကြောင်း စသည်တို့ကို ဒေသခံပြည်သူများက စီတန်းလှည့်လည်၍ ဆန္ဒ ထုတ် ဖော် ခဲ့ကြသည်။
အဆိုပါ ဆန္ဒပြမှုနှင့် ပတ်သက်ပြီး ဦးတိုးတိုးထွန်းက ဥပဒေနှင့်အညီ ခွင့်ပြုချက်ယူပြီး လွတ်လပ်စွာ ဆန္ဒပြ ပိုင်ခွင့် ရှိ သည့် အတွက် ၎င်းတို့အနေဖြင့် မည်သို့မျှ မပြောလိုပါဟု ပြောဆိုသည်။