• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ဘင်္ဂလား ပင်လယ်အော် မုန်တိုင်းငယ်ကြောင့် နိုင်ငံအနှံ့ မိုးရွာနိုင်ဟု မိုး/ဇလ ပြော

by သဇင်လှိုင်
25 April 2019
in သတင်းတို
A A
ဧပြီ ၂၃ ရက်က နေပြည်တော်၌ လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ / ထက်နိုင်ဇော် / ဧရာဝတီ

ဧပြီ ၂၃ ရက်က နေပြည်တော်၌ လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ / ထက်နိုင်ဇော် / ဧရာဝတီ

10k
VIEWS
Share on FacebookShare on Twitter

ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် နောက် ၄၈ နာရီ အတွင်း မုန်တိုင်းငယ် ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ)က ထုတ်ပြန်ထားသည်။

မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက“ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းက အားကောင်းလာပြီးတော့ အိန္ဒိယနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းကို ဝင်ရောက်နိုင်တယ်လို့ လတ်တလောတော့ ခန့်မှန်းလို့ ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

23 May 2025
261
KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

22 May 2025
3.1k
ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

21 May 2025
304

အဆိုပါ မုန်တိုင်းငယ် ဖြစ်ပေါ်မှုကြောင့် ဧပြီလကုန်ပိုင်းနှင့် မေလဆန်းပိုင်းတွင် မြန်မာနိုင်ငံ အနှံ့အပြား၌ မိုးအနည်းငယ် ရွာသွန်းမည် ဖြစ်ပြီး ယင်းကာလတွင် အပူချိန်လည်း အနည်းငယ် လျော့ကျ နိုင်ကြောင်း မိုး/ဇလ က သိရသည်။

ဦးကျော်မိုးဦး က“မိုးရွာနိုင်တယ် ဒါပေမယ့် မိုးနည်းနည်းပဲ ရမယ့် အနေအထားတော့ ရှိတယ်”ဟု ဆိုသည်။

ကချင် ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့၌ ယနေ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာ နိုင်ပြီး နောက်နှစ်ရက် အတွင်း မြန်မာနိုင်ငံ တောင်ပိုင်း ဒေသများတွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုး/ဇလ ပညာရှင် ဒေါက်တာ ထွန်းလွင် က ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများတွင်မူ ဧပြီလ၂၉ ရက်ခန့် အထိ မိုးရွာသွန်းမှု မရှိနိုင်သေးဘဲ အပူချိန်များ ဆက်လက် မြင့်နေဦးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဧပြီလ ၃၀ ရက်မှ မေလ ၆ ရက် အတွင်း မြန်မာနိုင်ငံအောက်ပိုင်း၊ တောင်ပိုင်း ဒေသများ၊ မြေလတ်ပိုင်းနှင့် မြစ်ဝကျွန်းပေါ် တို့တွင် မိုးစတင် ရရှိနိုင်ကြောင်းလည်း ဒေါက်တာ ထွန်းလွင်က ပြောဆိုထားသည်။

ဧပြီလ အတွင်း၌ပင် တိုင်းနှင့် ပြည်နယ် တချို့၌ လေပြင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မိုးသီးကြွေမှု ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ကာ လူနေအိမ်တချို့ ထိခိုက် ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

Your Thoughts …
Tags: မုန်တိုင်းငယ်ကြောင့် မိုးရွာနိုင်
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ဖားကန့် နွံကန်ကျိုးပေါက်မှု  / Zaw Moe Htet

ဖားကန့်တွင် နွံကန်ကျိုးပေါက်မှုအပြီး မြေပြိုမှုများ ထပ်ဖြစ်၍ လူသေဆုံးထပ်တိုး

သီချင်းနားထောင်ခြင်းဟာ စိတ်တည်ငြိမ်မှုကို ရရှိစေနိုင်တဲ့အပြင် စိတ်အပန်းပြေ စေနိုင်တယ်လို့လည်း ဆိုပါတယ်

ငွေကုန်ကြေးကျ သက်သာစွာနဲ့ စိတ်အပန်းပြေစေမယ့် ဇိမ်ခံနည်း ၅ ခု

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

2 days ago
3.2k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate