• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

မီတာခကို Online မှ ပေးဆောင်နိုင်ရန် မွန်လွှတ်တော်တွင် အဆိုတင်

by ဉာဏ်စိုးဝင်း
3 May 2019
in သတင်းတို
A A
မီတာခကို Online မှ ပေးဆောင်နိုင်ရန် မွန်လွှတ်တော်တွင် အဆိုတင်

မီတာခကို Online မှ ပေးဆောင်နိုင်ရန် မွန်လွှတ်တော်တွင် အဆိုတင်

16.3k
VIEWS
Share on FacebookShare on Twitter

ပြည်သူများ မီတာခဆောင်ရာတွင် လျှပ်စစ်ရုံးသို့ သွားစရာ မလိုဘဲ Online မှ အလွယ်တကူ ဆောင်နိုင်ရန်  အတွက် Online (သို့) Mobile App များမှတဆင့် ပေးသွင်းနိုင်ရေး ဆောင်ရွက် ပေးပါရန် မွန်ပြည်နယ် လွှတ်တော်တွင် အဆိုတင်သွင်းသွားသည်။

သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ က ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) မေ ၂ ရက်နေ့တွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

RelatedPosts

၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

12 June 2025
308
ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်များကို စစ်ကောင်စီပူးပေါင်းတပ် ဆက်တိုက် မီးရှို့

ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်များကို စစ်ကောင်စီပူးပေါင်းတပ် ဆက်တိုက် မီးရှို့

11 June 2025
632
ဖားကန့်တွင် လက်နက်ကြီးကြောင့် မီးလောင်ပေါက်ကွဲ၍ ပြည်သူအများအပြား သေဆုံး

ဖားကန့်တွင် လက်နက်ကြီးကြောင့် မီးလောင်ပေါက်ကွဲ၍ ပြည်သူအများအပြား သေဆုံး

7 June 2025
657

အဆိုရှင် ဦးအောင်ကျော်သူ က “လက်ရှိ မွန်ပြည်နယ်က ပြည်သူတွေက မီတာခကို ရုံးမှာသွားသွင်းရတဲ့ လစဉ် ဒုက္ခပေါ့နော်၊ အဲ့ဒါကို ကင်းဝေးစေချင်ပါတယ်” ဟု ရှင်းပြသည်။

ယင်းအဆိုကို မွန်ပြည်နယ်လွှတ်တေ်မှ လက်ခံဆွေးဆွေးသင့်ကြောင်း ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ထောက်ခံဆွေးနွေးခဲ့သည်။

Online (သို့) Mobile App စနစ်ကို ပြောင်းလဲလိုက်ပါက ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား အသုံးပြုခများကို မိမိဖုန်းတွင် အလွယ်တကူ ကြည့်ရှူ့နိုင်ပြီး လျှပ်စစ်ဓာတ်အား အသုံးပြုခများကို ၂၄ နာရီပတ်လံုံး ပေးသွင်းနိုင်မည် ဖြစ်သည်။

ထို့အပြင် လျှပ်စစ်ဓာတ်အား အသုံးပြုခ ပေးသွင်းရန် သတိမေ့နေသော ပြည်သူများကို ဌာနအနေဖြင့် အလွယ်တကူ အကြောင်းကြား ပေးနိုင်ခြင်းတို့ကြောင့် ယင်းအဆိုကို ထောက်ခံခဲ့ခြင်းဖြစ်ကြောင်း ဦးဇော်ဇော်ထူး က ပြောသည်။

မော်လမြိုင်မြို့နယ်သည် ကျယ်ဝန်းသဖြင့် အစွန်းအဖျား နေထိုင်သူများမှာ မီတာခဆောင်ရန် ရုံးသွားရသည့် ကုန်ကျစရိတ်၊ မီတာခပေးဆောင်ရန် တန်းစီစောင့်ဆိုင်းရသည့် အချိန်ကြာမြင့်မှုများမှာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေ ကြောင်း လျှပ်စစ်မီးသုံးစွဲနေသည့် ပြည်သူများက ပြောသည်။

မော်လမြိုင်မြို့ခံ ကိုထွန်းအောင် က “မီတာစာရွက်တွေကို မီတာဆောင်ရမယ့်ရက်နဲ့ ကပ်ပြီးပေးတာက အခတ်ခဲဖြစ်တယ်၊ အဲ့ဒီ အွန်လိုင်းစနစ်နဲ့ ပေးသွင်းမယ်ဆိုရင်တော့ ပိုပြီးတော့ လွယ်ကူတယ်၊ အဆင်ပြေတယ် ပေါ့နော်၊ အွန်လိုင်းနဲ့ဆိုရင် ၂၀၀ လည်း မကျတော့ဘူး၊ အဲ့ဒါလေးလည်း ကောင်းတယ်၊ အွန်လိုင်းစနစ် မလုပ်နိုင်သေးဘူးဆိုရင် ကောင်တာကို ဖြန့်ကြက်ပြီးတော့ ဖွင့်မှရမယ်၊ အဲ့ဒါမှအဆင်ပြေမယ်” ဟု ပြောဆိုသည်။

ယခင်ကာလများတွင် မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနမှ MCC ကုမ္ပဏီနှင့် ပူးပေါင်း၍ အိမ်တိုင်ရာရောက် (Door to Door) စနစ်ဖြင့် လျှပ်စစ်ဓာတ်အား အသုံးပြုခများကို ဝန်ဆောင်ခ ၂၀၀ ကျပ် ပေးဆောင်စေပြီး ဆောင်ရွက်ခဲ့သည်မှာ မတ် ၃၁ ရက်အထိသာ ဖြစ်သည်။

ထို့ကြောင့် ဧပြီ ၁ ရက်မှစ၍ MCC ကုမ္ပဏီထံ ဝန်ဆောင်ခ ၂၀၀ ကျပ် ပေးဆောင်စေ၍ လျှပ်စစ်ဓာတ်အား အသုံးပြုခများ အိမ်တိုင်ရာရောက် ကောက်ခံမှုမှာ ရပ်ဆိုင်းသွားခဲ့ပြီဖြစ်သည်။

လျှပ်စစ်ဓာတ်အား အသုံးပြုခကို ပြည်သူများကိုယ်တိုင် မြို့နယ်လျှပ်စစ်ရုံးထံ သွားရောက် ပေးဆောင်သည့်အခါတွင် ဌာန အနေဖြင့်လည်း ဝန်ထမ်းအင်အား လုံလောက်စွာ မရှိခြင်းကြောင့် ပြည်သူများအပေါ် ဆက်ဆံရေး မပြေလည်မှုများ၊ ပြည်သူများဘက်မှ ရုံးနှင့် မိမိနေအိမ် အသွားအပြန် သွားလာစရိတ်များအပြင် အချိန်နောက်ကျ၍ မီတာခ ပေးသွင်းခြင်းကြောင့် ဒဏ်ကြေး ပေးသွင်းရမှုများ ရှိနေသဖြင့် အခက်အခဲရှိကြောင်း ဦးအောင်ကျော်သူက ဆိုသည်။

ထို့အပြင် ဓာတ်အားယူနစ် လွဲမှားမှု (မီတာစာရေးများ Tea Shop Billing ပြုလုပ်ခြင်း)၊ ဌာနနှင့် ပြည်သူ အထင်အမြင် လွဲမှားမှုများဖြစ်ပေါ်လျက်ရှိသဖြင့် ထိုအခက်အခဲများကို အရေးကြီး ကိစ္စရပ်တခု အဖြစ် ထည့်သွင်း စဉ်းစားရမည့် တာဝန်မှာ ပြည်သူ့ ဝန်ဆောင်မှုပေးမည့် ဌာနနှင့် အစိုးရတွင် တာဝန်ရှိကြောင်း ၎င်းက မွန်ပြည်နယ် လွှတ်တော်ထံ တင်ပြခဲ့သည်။

မြို့ပေါ်နှင့် ကျေးလက်ရှိ ပြည်သူများသည် မိုဘိုင်းဖုန်းများ အသုံးပြုနေကြပြီ ဖြစ်သည့်အပြင် လက်ရှိ အချိန်၌ Mobile Pay စနစ်များမှာ တစ်နိုင်ငံလုံးတွင် သုံးနေကြပြီဖြစ်၍ Online (သို့) Mobile App စနစ်ကို ပြောင်းလဲလိုက်ပါ က ပြည်သူများအတွက်ရော၊ ဌာနဆိုင်ရာ ဝန်ထမ်းများအတွက်ပါ အကျိုးများစေမည်ဖြစ်ကြောင်း ဦးဇော်ဇော်ထူးက ပြောသည်။

Your Thoughts …
Tags: Mobile AppOnlineမီတာခမွန်ပြည်နယ်
ဉာဏ်စိုးဝင်း

ဉာဏ်စိုးဝင်း

ဧရာဝတီ

Similar Picks:

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.6k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၂)

by မိုးစက်ငြိမ်းချမ်း
6 September 2023
7.2k

တပြည်လုံးအနှံ့တွင် စစ်တိုက်နေရသည့် စစ်ကောင်စီအဖို့ နေရာတခုတွင် အင်အားအလုံးအရင်း စုစည်းပြီး စစ်ဆင်ရေးပြုလုပ်ရန် မဖြစ်နိုင်ပေ။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၃)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၃)

by အေးချမ်းဆု
16 October 2023
7k

PNDF သည် စစ်အာဏာရှင် အပြုတ်တိုက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုကို ရည်မှန်းချက်ထား၏။

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၁)

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၁)

by မိုးစက်ငြိမ်းချမ်း
4 September 2023
6.4k

၂၀၂၃ မိုးရာသီတွင် မယ်စဲ့နှင့် ဖားဆောင်းမြို့နယ်များအတွင်း လေကြောင်းတိုက်ခိုက်မှုများ ပါဝင်သော တိုက်ပွဲကြီးများ နေ့စဉ်ဖြစ်ပွားလာကာ ကရင်နီပြည်နယ်အနှံ့ တိုက်ပွဲများဖြစ်ပွားသည်။

ငလျင်သင့် ပြိုကျပျက်စီးအိမ်များပါ မီတာခ ဆောင်ခိုင်း

ငလျင်သင့် ပြိုကျပျက်စီးအိမ်များပါ မီတာခ ဆောင်ခိုင်း

by ဧရာဝတီ
22 April 2025
1.7k

မန္တလေးမြို့တွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ်များပါ လျှပ်စစ်မီတာခပေးဆောင်ရမည်ဟု စစ်ကောင်စီက အသိပေးကြေညာသည်။

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့သည် / MSDF

မွန်နှင့် ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့သစ်များ

by ကိုဦး
3 April 2023
20.2k

မွန်နှင့် ပအိုဝ်းလူမျိုးထဲမှ မြန်မာစစ်တပ်ကို လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်ရန် စဉ်းစားဆုံးဖြတ်ကြသူတို့သည် အဖွဲ့အစည်းအသစ်များ ထူထောင်လာကြသည်။

Next Post
အဆိုတော် မိုင်းမိုင်ဆိုင်း / Mai Mai Seng's Facebook

ပါးသိုင်းမွေး ရှိတဲ့သူကို ချစ်သူတော်ထားတဲ့ အဆိုတော် မိုင်းမိုင်ဆိုင်း

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး  / အောင်ကျော်ထက် / ဧရာဝတီ

ငွေမချေးဘဲ ဦးနှောက်သုံးရန် ဝေဖန်မှုသည် အိပ်မက်ဆန်ဟု မြို့တော်ဝန်တုန့်ပြန်

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.3k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.4k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate