Women & Gender

အမျိုးသမီးများ လိင်အကြမ်းဖက်ခံရမှုကိုရိုက်ကူးထားသည့်မှတ်တမ်းရုပ်ရှင် အကောင်းဆုံးဆုရ

ပဋိပက္ခဒေသတွင်းက ကချင်နှင့် ရိုဟင်ဂျာ အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေအပေါ် အခြေခံ ရိုက်ကူးထားတဲ့ ” အမေ၊ သမီး၊ အစ်မ” အမည်ရှိ မှတ်တမ်းရုပ်ရှင်ဟာ UN Women အဖွဲ့ က ဆန်ဖရန်စ္စကိုမြို့မှာ ပြုလုပ်တဲ့ UN Women Global Voices Film Festival မှာ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို ယမန်နေ့က ရရှိခဲ့ပါတယ်။

“သူတို့အနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အမျိုးသမီးတွေ၊ လိင်အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးတော့အဓိကလုပ်ချင်တယ်ဆိုပြီး လာတာပေါ့နော်။ အင်တာဗျူးဖို့ကြတော့ ခံရသူတွေက မျက်နှာကို ဖော်ပြီး ပြောဖို့ က အခက်အခဲရှိတယ်။ ဒီရုပ်ရှင်မှာ ကချင်ဆရာမ ၂ ဦးရဲ့ မိသားစုဝင် တွေလည်းပါတယ်။ ဆုရတာ အများကြီးကောင်းပါတယ်။ လိပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် အထောက်အကူပြုမှုတွေ ပေးလာနိုင်ရင် ကောင်းမှာပါ။”လို့ ဆုရမှတ်တမ်းရုပ်ရှင်အတွက် အကူအညီပေးခဲ့တဲ့ KWAT မှ မဆန်ထွယ်က ပြောပြပါတယ်။

အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ Jeanne Marie Hallacy က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ ဒေသတွင်းနေရာများမှာ သွားရောက် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Jeanne Marie Hallacy ဟာ လူ့အခွင့်အရေးနဲ့ တရားမ ျှတရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဇာတ်လမ်းများရိုက်ကူးပုံဖော်ခဲ့တာ ၂၅ နှစ်ခန့်ရှိပြီလို့ UN Women ရဲ့ Global Voices Film Festival ဝက်ဆိုက်ဘ် ဖော်ပြချက်အရ သိရပါတယ်။

You may also like these stories:

LGBT များအတွက် သီးသန့်သန့်စင်ခန်း လိုအပ်နေပြီလား

AR လမ်းညွှန်စနစ်ကို Google Maps မှာ စတင် စမ်းသပ်

တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှု ကာကွယ်တားဆီးရေး လှုပ်ရှားမှု ပြုလုပ်မည်

စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ခန္ဓာကိုယ်ကျန်းမာရေးပြဿနာများ

Loading