မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် ယနေ့ နံနက်ပိုင်းက မိုင်း အမျိုးအစား အမျိုးမျိုးနှင့် မိုင်းရှာဖွေ ရှင်းလင်းခြင်း သင်တန်း သရုပ်ပြစဉ် လေ့ကျင့်ရေးမိုင်းအစား မိုင်းအစစ် မှားသုံးမိ၍ ပေါက်ကွဲမှုဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာရှိခဲ့ ကြောင်း ချမ်းအေးသာစံ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး က ပြောသည်။
မိုင်း တက်နင်းမိခဲ့သည့် ရဲတပ်သားတွင် ခြေကျင်းဝတ်ပြတ် ဒဏ်ရာရရှိခဲ့ပြီး အနီးရှိ ရဲတပ်ဖွဲ့ဝင်များလည်း လက်နှင့် ဝမ်းဗိုက် တို့တွင် မိုင်းစ ထိမှန်သည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တဦးက“၁၁ ဦးဒဏ်ရာရတာမှာ ၃ ဦးကတော့ အနည်းငယ်ပါပဲ၊ ၈ ဦး ကတော့ ဆေးရုံမှာ ကုသနေပါတယ်၊ ဘယ်လိုကြောင့်ဖြစ်တယ် အသေးစိတ် အတိအကျကတော့ တိုင်းတပ်ဖွဲ့ကပဲ သိမှာပါ၊ သိရသလောက်တော့ အတုနဲ့အစစ် မှားသုံးမိတယ်လို့ ဆိုတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ သင်တန်းသို့ တက်ရောက်နေစဉ် ပေါက်ကွဲမှုဖြစ်စဉ်၌ ချမ်းအေးသာစံမြို့နယ်မှ ရဲတပ်ဖွဲ့ဝင် ၂ ဦးလည်း မိုင်းစထိမှန်မှု ဒဏ်ရာ တချို့ရရှိခဲ့ပြီး ဆေးရုံတွင် ကုသလျက် ရှိသည်ဟုလည်း ဆိုသည်။
မိုင်းအမျိုးအစား အမျိုးမျိုးနှင့် မိုင်းရှာဖွေ ရှင်းလင်းခြင်း (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၁၉)အား မန္တလေးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် မေလ ၁၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပြုလုပ်နေခြင်းဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် လတ်တလော တွင် သင်တန်း ရပ်နားထားကြောင်း သိရသည်။
You may also like these stories:
မုန်တိုင်းကြောင့် တိုင်းနှင့် ပြည်နယ် ၈ ခု မိုးကြီးနိုင်ကြောင်း မိုး/ဇလ သတိပေး
မြောက်ဝန်ရိုးစွန်းကို အလည်သွားနိုင်ဖို့အတွက် လမ်းကြောင်း ၃ ခု
ဆရာတော် ဦးဝီရသူ ကူညီမှု အောင်သပြေရွာသားများ လက်မခံ
တနိုင်ငံလုံးတွင် တလ အတွင်း အပူဒဏ်ကြောင့် သေဆုံးသူ ၃၀ ဦးရှိ