သတင်းတို

ရန်ကုန်တွင် ဇွန် ၂၂ ရက်မှ စတင်၍ လျှပ်စစ်မီး ပုံမှန် ပြန်ပေးတော့မည်ဟု ဆို

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းအတွင်း ဇွန်လ ၂၂ ရက်မှ စတင်၍ အလှည့်ကျ ဝန်အားလျှော့ချခြင်းများ မပြုလုပ်တော့ဘဲ လျှပ်စစ်မီး ပုံမှန် အတိုင်း ပြန်လည်ပေးဝေမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း  (YESC) မှ သိရသည်။

ထို့ပြင် ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်များအတွင်း မဖြစ်မနေ ထိန်းသိမ်းပြုပြင်ရမည့် အရေးပေါ် အခြေအနေမျိုးတွင်သာ အနည်းဆုံး အချိန်ဖြင့် ယာယီ ဓာတ်အားပိတ်၍ လုပ်ငန်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း YESC က ထုတ်ပြန် ထားသည်။

“မနက်ဖြန်ကစပြီးတော့ အပြည့်ပြန်ပေးမယ်။ ထုတ်လုပ်မှု အားကောင်းလာတယ်၊ အဲဒါကြောင့် ကြိုးစားပြီးတော့ အပြည့် ပေးမယ်”ဟု YESC ဓာတ်အားဖြန့်ဖြူးရေးဌာန အထွေထွေမန်နေဂျာ ဦးတင်အောင် က ဧရာဝတီသို့ ပြောသည်။

ဧပြီလမှ စတင်၍ လျှပ်စစ် ဝန်အား လုံလောက်မှု မရှိသည့် အတွက် ရန်ကုန်တိုင်းရှိ မြို့နယ် အသီးသီး၌ အပိုင်း လေးပိုင်း ခွဲကာ ၁ ကြိမ် ဖြတ်လျှင်၂ နာရီနှုန်းဖြင့် အများဆုံး ၃ ကြိမ် အလှည့်ကျ မီးပေဝေနေခြင်း ဖြစ်သည်။

ထိုသို့ဝန်အား လျှော့ချ ဆောင်ရွက်မှုတွင် မေလအတွင်း ၆၀၀ မဂ္ဂါဝပ်မှ ၈၀၀ မဂ္ဂါဝပ်ခန့်ကို လျှော့ချခဲ့ရကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်မီး အလုံအလောက်ရရှိရန် ၁၆၀၀ မဂ္ဂါဝပ် ပေးနိုင်မှ လုံလောက်မည်ဖြစ်ပြီး ယခု လက်ရှိ ကာလတွင် ၁၃၀၀ နှင့် ၁၄၀၀ မဂ္ဂါဝပ်ကြားတွင်သာ ပေးနေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း  (YESC) က ဆိုသည်။

ရန်ကုန်တိုင်းအတွင်းက ကျေးရွာ ၆၀၀ ကျော် လျှပ်စစ်မီး ရတော့မည်

လျှပ်စစ်မီး မလုံလောက်၍ လှိုင်သာယာ စက်မှုဇုန်တွင် ရပ်ဆိုင်းထားရသော စက်ရုံများရှိနေ

Did you find apk for android? You can find new Free Android Games and apps.
Loading