သတင်းတို

ဖယ်ခုံဒေသမှ စိုက်ပျိုးရေးထွက်ကုန်များ ဈေးကွက်နှင့် ချိတ်ဆက်နိုင်ရန် ကြိုးစားနေ

ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ စိုက်ပျိုးရေး ထုတ်ကုန်များကို ပြည်တွင်းပြည်ပ ဈေးကွက်နှင့် ချိတ်ဆက်ပေးရန် British American Tobacco(BAT) မြန်မာကုမ္ပဏီ နှင့် DEAR Myanmar (ချစ်သော မြန်မာ) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ ကျေးရွာများနေ ပြည်သူများ၏ အဓိက စိုက်ပျိုးရေး ထုတ်ကုန်များမှာ ငရုတ်သီး၊ ဖလာနှင့် မျှစ်ချဉ် လုပ်ငန်း များ ဖြစ်ပြီး၊ ၎င်း လုပ်ငန်းများ အထွက်တိုးစေရန် စိုက်ပျိုးရေး နည်းပညာများ ကူညီထောက်ပံ့ခြင်း၊ စီးပွားရေး အစီအစဉ်များ ရေးဆွဲ နိုင်ရန်နှင့် စီမံခန့်ခွဲမှု နည်းပညာများ ပံ့ပိုးပေးခြင်း၊ မှန်ကန်သော စိုက်ပျိုးရေး နည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ် ထား ကြောင်း အသိအမှတ်ပြု လက်မှတ် Good Agricultural Practices (GAP) ရရှိအောင် ဆောင်ရွက်ပေးခြင်းအပြင် တန်ဖိုး မြှင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရန်အတွက်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့ အစည်း များထံမှ သိရသည်။

BAT မြန်မာ၏ ဒါရိုက်တာတဦးဖြစ်သော ဒေါ်ခိုင်ဝေသွယ်က “ အခုအစီအစဉ်မှာ ရွေးချယ်ထားတဲ့ ကျေးရွာတွေဟာ သွား ရေးလာရေး ခက်ခဲတဲ့ တောင်ပေါ်ရွာတွေဖြစ်ပါတယ်။ ဒီနေရာမျိုးတွေက တောင်သူတွေရဲ့ စိုက်ပျိုးရေး၊ ကုန်ချော ထုတ်လုပ်ရေး လိုအပ်ချက်များနဲ့ ဈေးကွက်ရှာဖွေမှုအပိုင်းတွေကို ကူညီဖြည့်ဆည်းလုပ်ဆောင်ပေးမှာ ဖြစ်ပါတယ် ” ဟု ဆိုသည်။

ယင်း ဒေသများမှ ထွက်ရှိသော စိုက်ပျိုးရေး ထုတ်ကုန်များသည် ဓာတ်မြေသြဇာ နှင့် ပိုးသတ်ဆေးများကို အသုံးပြုထား ခြင်းမရှိသည့် အော်ဂဲနစ်ထွက်ကုန်များ ဖြစ်သော်လည်း အသိအမှတ်ပြုလက်မှတ်များ ရရှိထားခြင်းမရှိခြင်း ကြောင့် ပြည်တွင်းပြည်ပဈေးကွက်များတွင် ရောင်းချရာတွင် အားနည်းချက်များရှိနေသည်။

ဖယ်ခုံမြို့နယ်အထက်ဖူးလောကျေးရွာမှ ဒေသခံ ဦးမြချိုက “ လတ်တလောအနေအထားအရ တောင်သူတွေဆီကို ကိုယ်တိုင် လာရောက်ဝယ်ယူမယ့်သူ မရှိသေးတဲ့အတွက် ဈေးကွက်ကို မဖောက်နိုင်သေးဘူး။ ဒါကြောင့် တောင်သူတွေက စိုက်ပျိုးဖို့ စိတ်ဝင်စားမှု အားနည်းနေတယ်။ အခုလို အဖွဲ့အစည်းတွေရဲ့ အကူအညီတွေကို ရယူပြီး ဆောင်ရွက်နေရတယ် ” ဟု ပြောသည်။

အဆိုပါ ကူညီမည့် အစီအစဉ်မှာ ဖယ်ခုံမြို့နယ်ရှိ စိုက်ပျိုးထုတ်လုပ်တောင်သူများ၏ မိသားစုဝင် ၅၀၀ ခန့်ကို တိုက်ရိုက်အ ကျိုးအမြတ်များခံစားရမည်ဖြစ်ပြီး ယင်းအပြင် ကျေးရွာပေါင်း ၂၀ မှ လူဦးရေ ၅၇၇၅ ဦးရေကို ဆင့်ပွားအကျိုးအမြတ် ခံစားနိုင်မည်ဖြစ်သည်ဟု သိရသည်။

Loading