သတင်းတို

လူ့စွမ်းအားရင်းမြစ် ဝန်ကြီးဌာနသစ်တခု ဖွဲ့စည်းရေး ကရင်ပြည်နယ် လွှတ်တော် အတည်ပြု

ကရင်ပြည်နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာနသစ် တခုဖွဲ့စည်းရေး အတွက် ယနေ့ ပြည်နယ် လွှတ်တော်တွင် အတည်ပြုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အစည်း အသီးသီးတွင် ယင်းဝန်ကြီးဌာနသစ် တိုးချဲ့ဖွဲ့စည်းရေးအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သဝဏ်လွှာ ပေးပို့ ပြောကြားခဲ့ခြင်းကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်။

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက်အစည်းအဝေး ပထမနေ့တွင် ပြည်နယ်ဝန်ကြီးဌာန အသစ်ကို အတည်ပြုခဲ့သဖြင့် ကရင်ပြည်နယ်တွင် ဝန်ကြီးဌာန ၇ ခုရှိလာပြီဖြစ်သည်။

ယခင်က ကရင်ပြည်နယ်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာန၊ သဘာ၀ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် လူမှုရေးဝန်ကြီးဌာနတို့ဖြစ်သည်။

ထို့အတူ ယခုလအတွင်း ကျန်းမရေးကြောင့် အနားယူသွားသည့် ကရင်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးတင်ဝင်း ကျော် နေရာတွင် ပြည်နယ်ဝန်ကြီးသစ်အဖြစ် ဦးဘိုဘိုဝေမောင် (ခေါ်) စောဘိုဘိုအား ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင် ထွေးမြင့်က အမည်စာရင်း တင်သွင်းခဲ့ရာ ကန့်ကွက်သူ မရှိပါက ယနေ့နေ့လည်ပိုင်း လွှတ်တော်အစည်းအဝေးတွင် အတည်ပြုမည်ဟု သိရသည်။

You may also like these stories:

ကရင်ဒုက္ခသည်များ မိုင်းအန္တရာယ်ကြောင့် အိမ်မပြန်နိုင်ဘဲဖြစ်နေ

အငြင်းပွားနေကြတဲ့ ကရင် ကျောက်မီးသွေး စီမံကိန်း

ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဝန်ကြီးဌာနအသစ် ထပ်တိုး

Loading