သတင်းတို

ထိုင်းခရီးသွားလုပ်ငန်း တိုးတက်နှုန်း ၄ဒသမ၆၅ ရာခိုင်နှုန်းရှိ

Want create site? Find Free WordPress Themes and plugins.

ထိုင်းခရီးသွားလုပ်ငန်းကောင်စီက ယခုနှစ် နိုင်ငံခြားခရီးသွား ၄၀ဒသမ၀၆ သန်း မျှော်မှန်းထားကြောင်း၊ ယခင်နှစ်က ထက် ၄ ဒဿမ ၆၅ ရာခိုင်နှုန်း တိုးလာမည်ကြောင်း ခန့်မှန်းကြောင်း Bangkok Post သတင်းကဆိုသည်။

ထိုင်းခရီးသွားလုပ်ငန်းကောင်စီ ဥက္ကဋ္ဌ ချိုင်ရတ် ထရီရတ် တန်နာဂျာရက်စ်ပေါင်က အဆိုပါကိန်းဂဏန်းများကို ယမန်နေ့က ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်ပြီး၊တတိယ သုံးလကာလအတွက် ခရီးသွားဦးရေ ၉ဒသမ၇၀ သန်း ရှိမည်ဟု ၎င်းက ခန့်မှန်းထားရာ နှစ်စဉ်တိုးတက်မှုနှုန်း ၇ဒသမ၀၆ ရာခိုင်နှုန်း ဖြစ်သည်။

ဒုတိယ သုံးလကာလအတွက် ခရီးသွားလုပ်ငန်း ကောင်စီ၏ ဆန်းစစ်ချက်တွင် ၎င်းတို့ ယုံကြည်စိတ်ချမှု ညွှန်းကိန်းမှာ ၁၀၀ တွင်ရပ်တည်နေသည်ကို တွေ့ရကြောင်း၊ ယခင်သုံးလပတ်က ခရီးသွား ကဏ္ဍတည်ငြိမ်မှုကို ထင်ဟပ်၍ ဆန်းစစ် ထားခြင်းဖြစ်ကြောင်း မစ္စတာချိုင်ရတ်က ရှင်းပြသည်။

ခရီးသွားလုပ်ငန်း ကဏ္ဍအတွင်းသို့ ပြင်းထန်သောယှဉ်ပြိုင်မှုများ ထိုးဖောက်ဝင် ရောက်လာခြင်းနှင့် ပြည်တွင်း စီးပွားရေး အခြေအနေကြောင့် ဝယ်ယူနိုင်စွမ်း ကျဆင်းခြင်း တို့ကို ခရီးသွား လုပ်ငန်းရှင်များက စိုးရိမ်ပူပန် နေကြကြောင်း ၎င်းက ပြောသည်။

ခရီးသွား လုပ်ငန်း မြှင့်တင်ရန် အခွန်လျှော့ချခြင်း အပါအဝင် အစိုးရ၏ ဈေးကွက် ရှာဖွေရေး စည်းရုံးခြင်းနှင့် ဆွဲဆောင် စရာမက်လုံးပေးခြင်းတို့အပေါ် ၎င်းက ထောက်ခံပြောကြားခဲ့သည်။

You May Also Like This Story:

ထိုင်းခရီးသွားလုပ်ငန်း ပုံရိပ်ကို ကျဆင်းစေခဲ့တဲ့ အဖြစ်အပျက်

Did you find apk for android? You can find new Free Android Games and apps.
Loading