သတင်းတို
ဦးရဲမင်းဦးကို နေပြည်တော် စည်ပင် ဒုမြို့တော်ဝန်ခန့်အပ်
နေပြည်တော် ဒုမြို့တော်ဝန်အဖြစ် ခန့်အပ်ခံရသူ ဦးရဲမင်းဦး / ဧရာဝတီ
နိုင်ငံတော် သမ္မတရုံး၏ ခွင့်ပြုချက်ဖြင့် နေပြည်တော်စည်ပင်ဘဏ် ဥက္ကဋ္ဌ အဖြစ် ဦးရဲမင်းဦးကို နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန်အဖြစ် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှ စတင် ခန့်အပ်လိုက်သည်။
ဦးရဲမင်းဦးသည် ၂၀၁၃ ခုနှစ်ခန့်မှ စတင်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) စီးပွားရေးကော်မတီဝင် နှင့် ပြန်ကြားရေး ကော်မတီတို့တွင် ပါဝင်ခဲ့သူဖြစ်သည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စ၍ နေပြည်တော် စည်ပင်ဘဏ်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သလို စီးပွားရေး၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ကဏ္ဍများတွင် လေ့လာသုံးသပ်သူ တဦးလည်းဖြစ်သည်။