ထိုင်းနိုင်ငံသား ၆ ဦးနှင့် မြန်မာနိုင်ငံသား၂ ဦးပါ အဖွဲ့အား လက်နက်ခဲယမ်းများနှင့် အတူ တာချီလိတ်မြို့နယ် ပါလိုင်ကျေး ရွာရှိ နေအိမ်တအိမ်၌ ဇူလိုင်၂ ရက် ညနေပိုင်းက ဖမ်းမိခဲ့ကြောင်း တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။
ယင်းအဖွဲ့အား တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း အဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် တရားမဝင် လာ ရောက်ကာ သစ်လုပ်ငန်း လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်ဟု ဆိုသည်။
တာချီလိတ်မြို့နယ်မှူး ရဲမှူး ဦးလှဦးက“စစ်ဆေးချက် အရတော့ သစ်လုပ်ငန်း လာလုပ်နေတာလို့ ပြောတယ်။ တောထဲ မှာပေါ့။ သစ်တော့ ဖမ်းမိတာ မရှိသေးဘူး၊ ကွင်းဆက်တွေ လိုက်ပြီး စစ်ဆေးနေဆဲပါပဲ။ အမှုတောင်ဖွင့်ဖို့ စီစဉ်နေတုန်းပါ” ဟု ဧရာဝတီသို့ ပြောသည်။
ပူးပေါင်းအဖွဲ့ အနေဖြင့် ထိုင်းနိုင်ငံသား ၆ ဦးအား ဖမ်းဆီးရာတွင် သစ်များအား ဖမ်းဆီးရမိခြင်း မရှိသေးသော်လည်း လက် နက် ခဲယမ်းများ ဖမ်းမိထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဖမ်းမိ လက်နက်များမှာ ခြောက်လုံးပြူး ၂ လက်၊ ၉ မမ ပစ္စတို ၃ လက်၊ AK 47 ၃ လက်၊ M 16 ၂ လက်တို့ အပါအဝင် သေနတ် ၁၅ လက်နှင့် အတူ ကျည်အိမ်မျိုးစုံ ၂၁ ခု၊ ကျည်မျိုးစုံ ၁၉၅၀ တောင့်နှင့် မော်တော်ကား ၄ စီးတို့ကို ဖမ်းမိခဲ့ ကြောင်း လည်း တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကလည်း ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မ ရဲစခန်းက ယနေ့ ညနေပိုင်း အထိ အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိပြီး ကွင်းဆက်အား စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း မြို့နယ်မှူး ရဲမှူး ဦးလှဦးက ပြောသည်။
You may also like these stories:
တာချီလိတ်တွင် ဘီလီယံနှင့်ချီ တန်ဖိုးရှိ မူးယစ်ဆေး နှင့် လက်နက်များ တပ်မတော် ဝင်ဖမ်း
တာချီလိတ်တွင် တရားမဝင်နေထိုင်သူ တရုတ် ၁၈၈ ဦးနှင့် သေနတ် ၃ လက်ဖမ်းမိ
ဖမ်းမိထားသည့် ထိုင်း ၈၁ ဦးတွင် မူးယစ်မှုဖြင့် ဆက်နွယ်နေသူ ပိုများဟု UWSA ပြော
တာချီလိတ် သူဌေး ဦးအာဖာ လုပ်ကြံသတ်ဖြတ်ခံရ