သတင်းတို

NLD ပါတီဝင် အချင်းချင်း တိုင်ကြားမှုများလာဟု ဒေါက်တာ ဇော်မြင့်မောင် ပြော

Want create site? Find Free WordPress Themes and plugins.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် အချင်းချင်း တိုင်ကြားမှုများ ယခင်ထက် ပိုများလာကြောင်း NLD ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ ဒု ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

မန္တလေးမြို့တွင် ဇူလိုင် ၅ ရက်နေ့က ပြုလုပ်သော NLD ပါတီ၊ လွှတ်တော် နှင့် အစိုးရ သုံးပွင့်ဆိုင် တွေ့ဆုံပွဲတွင် ထိုသို့ ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

ဒေါက်တာ ဇော်မြင့်မောင်က“ပွတ်တိုက်မှုတွေကတော့ ရှိမယ်။ ဒါပေမယ့် အဲဒီ ပွတ်တိုက်မှုတွေက ပြည်သူနဲ့ နိုင်ငံ အတွက် မူမတည်ဘူး။ ပုဂ္ဂိုလ်ရေး အရ ဖြစ်တာတွေများတာကို တွေ့ရတယ်။ ကျနော်တို့မှာ နိုင်ငံရေးအရ စိန်ခေါ်မှုတွေ အများကြီး ရှိပါတယ်။ ကျနော်တို့ ခေါင်းဆောင် ကိုယ်တိုင်လည်း ခက်ခက်ခဲခဲ ကျော်လွှားနေရချိန်မှာ ကျနော်တို့ အချင်း ချင်း မညီညွတ်လို့ မရဘူး။ ပဋိပက္ခတွေ မဖြစ်စေချင်ဘူး”ဟုလည်း ပြောဆိုသည်။

ပါတီ၏ ဗဟို အလုပ်အမှုဆောင် ပုံမှန်အစည်းအဝေးတိုင်း၌ ဒေါက်တာ မျိုးညွန့် ဦးဆောင်၍ ပြုလုပ်ခဲ့ကာ ယင်းအစည်း အဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များအား တိုင်တန်းထားသော စာများ ဖတ်ကြားရပြီး အစည်းအဝေး အချိန် ၅ နာရီ အတွင်း တိုင်စာ ဖတ်ကြားရှင်းလင်းရသည်မှာ၂ နာရီခန့် အချိန်ပေးရသည့် အနေအထား ဖြစ်နေသည်ဟု ဒေါက် တာ ဇော်မြင့်မောင်က ပြောသည်။

၎င်းက“တချို့ကလည်း သူတို့ ကိုယ်တိုင် လွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်ချင်လို့ တိုင်တဲ့ပုံ ရပါတယ်။ မဟုတ် မမှန် တိုင်ကြားတဲ့သူကို ပါတီ စည်းကမ်း ထိန်းသိမ်းရေးအရ အရေးယူဖို့တော့ စီစဉ်နေတယ်”ဟု ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရ၏ ရည်မှန်းချက် ဖြစ်သော ဖယ်ဒရယ် ပြည်ထောင်စု တည် ထောင် ရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ဆောင်ရွက်နေချိန်တွင် အားလုံး ပူးပေါင်းကာ ညီညွတ် မှသာ အောင်မြင်လိမ့်မည်ဟုလည်း ဆိုသည်။

ချမ်းမြသာစည် မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်က“ပါတီနဲ့ ကိုယ်စားလှယ်ကြား၊ ကိုယ်စား လှယ် နဲ့ အစိုးရကြား ဒီလိုပဲ နေရာတိုင်းမှာတော့ ပွတ်တိုက်မှုလေးတွေကတော့ ဖြစ်တတ်ကြပါတယ်။ အဲဒါကို ပြင်းထန် တဲ့ အခြေအနေမျိုး မရောက်ဘဲ လိုအပ်တာကို အပြန်အလှန် ညှိနှိုင်းပြီး ညီညွတ်ရေးကို ဦးစားပေးရမယ်လို့ ဝန်ကြီး ချုပ် က ဆိုလိုချင်တယ်လို့ မြင်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။

အလားတူ အစိုးရ တာဝန် ထမ်းဆောင်သည့် သက်တမ်း ၃ နှစ်ခွဲ ကာလပြီးစီးကာ သက်တမ်း ၁ နှစ်ခွဲသာ ကျန်ရှိ တော့ပြီး ကျန်ရှိသည့် အစိုးရသက်တမ်း အတွင်း ပြည်သူလူထု၏ လူမှုဘဝ မြှင့်တင်ရေး အတွက် အစွမ်းကုန် ဆောင် ရွက်သင့်ပြီ ဖြစ်သည်ဟု ဒေါက်တာ ဇော်မြင့်မောင်က တိုက်တွန်း ပြောကြားသည်။

အလားတူ ကျန်ရှိသည့် အစိုးရသက်တမ်း ၁ နှစ်ခွဲအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်ရာတွင် ပါတီနှင့် လွှတ် တော် ကိုယ်စားလှယ်များ ညှိနှိုင်းတိုင်ပင်ကာ ဒေသအတွက် အမှန်တကယ် အကျိုးရှိမည့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ရွေးချယ်ကြရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယမန်နေ့ နံနက်က သုံးပွင့်ဆိုင် တွေ့ဆုံပွဲအား မန္တလေးမြို့ ယူနန်ဘုံကျောင်းခန်းမတွင် ကျင်းပခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ၊ NLD လွှတ်တော် ကိုယ်စားလှယ်များ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

You may also like these stories:

ပါတီ စည်းကမ်းဖြင့် အရေးယူခံရသူများ ကိုယ်စားလှယ် ပြန်မဖြစ်နိုင်တော့ဟု NLD ပြော

ဦးခင်လှိုင် တိုင်ကြားစာ စည်ပင် ရွေးကောက်ပွဲ ကော်မရှင် ပယ်ချ

NLD အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်း အူလမ်းကြောင်း သွေးယို၍ ဆေးရုံတင်ထားရ

Did you find apk for android? You can find new Free Android Games and apps.
Loading